မြောက်ဦးမြို့နယ်က (၂)လသားအရွယ် မိန်းကလေးဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်(၈)နာရီ ထုတ်ပြန်ခဲ့တဲ့ ပြည်တွင်းကူစက်လူနာသစ် (၇၀)ဦးမှာ (၂)လသားအရွယ် မိန်းကလေးတစ်ဦး ပါဝင်ပါတယ်။

အဆိုပါ ကလေးက မြန်မာနိုင်ငံအတွင်းရောဂါကူးစက်ခံရတဲ့ လူနာတွေထဲမှာ အသက်အငယ်ဆုံး ကိုဗစ်လူနာဖြစ်လာပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဖြစ်ပါတယ်။ လူနာနံပတ် (၄၄၀)နဲ့ ထိတွေ့မှု ရှိထားတာကြောင့် အသွားအလာကန့်သတ်ထားသူစာရင်းမှာပါဝင်ပါတယ်။ ဒီမနက် ထပ်တိုးလူနာ (၇၀)ထဲမှာ ရခိုင်က (၆၉)ယောက်နဲ့ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်က တစ်ယောက်ပါဝင်ခဲ့ပါတယ်။ 



ရခိုင်က (၆၉)ယောက်ထဲမှာ တော့ အသက်(၂)လ၊ (၄)နှစ်၊ (၅)နှစ်နဲ့ (၈)နှစ်အရွယ်အပါအဝင် ကလေး (၄)ဦးပါဝင်ခဲ့ပါတယ်။ (၂)လအရွယ် ကလေးငယ်မတိုင်ခင် မြန်မာနိုင်ငံမှာ အသက်အငယ်ဆုံး ကိုဗစ်ကူးစက်ခံရတဲ့ လူနာက လူနာအမှတ် (၉၅) ဖြစ်ပြီး အသက်(၁)နှစ်(၆)လအရွယ် ပန်းဘဲတန်းမြို့နယ်က ကလေးငယ်ဖြစ်ပါတယ်။ 

ဒီကနေ့ မနက်ထပ်တိုးလူနာတွေက သြဂုတ်လ (၂၅)ရက်နေ့က ကျန်ရှိတဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

မနေ့က ည (၈)နာရီထုတ်ပြန်ချက်မှာလည်း ပိုးတွေ့လူနာ (၃၀)ဦးတွေ့ရှိခဲ့တာကြောင့် ဒီမန်ထပ်တိုးလူနာ (၇၀)နဲ့ ပေါင်းရင် တစ်ရက်တည်းမှာ လူနာသစ်(၁၀၀)ဦး တွေ့ရှိခဲ့တာပါ။

ဒီမနက် လူနာစာရင်းထဲမှာ ပါလာတဲ့ တောင်ဥက္ကလာပမြို့နယ်က လူနာက သင်္ဘောသားတစ်ဦးဖြစ်ပြီး ခရီးသွားရာဇဝင်လည်းမရှိထားဘဲ သင်္ဘောပြန်တက်ဖို့ ဆေးစစ်ရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှတော့ အဆိုပါအမျိုးသားနဲ့ သူ့ရဲ့ မိသားစုင်တွေကို ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ လာရောက်ခေါ်ဆောင်သွားပြီဖြစ်ပြီး လူနာနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ်က မာဃ (၆)လမ်းကိုလည်း Lock Down လုပ်ထားပါပြီ။ သြဂုတ်လ(၂၅)ရက်နေ့ တစ်ရက်တည်းမှာတင် ပိုးတွေ့လူနာ (၁၀၀)ဦးတွေ့ရှိခဲ့တာကနိုင်ငံအတွင်း စံချိန်တင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအတွင်း ပြည်တွင်းကူးစက်မှု မတွေ့ရှိတာတစ်လကြာမြင့်ခဲ့ပြီးနောက် သြဂုတ်လ(၁၆)ရက်နေ့မှစပြီး ပြည်တွင်းကူးစက်လူနာတွေကို ဆက်တိုက်တွေ့ရှိလာရာမှာ ရခိုင်ပြည်နယ်က အများစုပါဝင်နေတာဖြစ်တာပါတယ်။ သြဂုတ်လ(၁၆)ရက်နေ့ကနေ သြဂုတ်လ(၂၆)ရက်နေ့ မနက်ပိုင်းထိ ပြည်တွင်းကူးစက်လူနာ (၁၈၂) ဦးအထိတွေ့ရှိလာခဲ့ရာမှာ ရခိုင်က (၁၇၆) ဦးအထိ ပါဝင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က