မကွေးတိုင်းက အများဆုံးဖြစ်ပါတယ်။
Ei Ei Htun

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သက်ဆိုင်ရာနေရာအသီးသီးမှာ အသွားအလာကန့်သတ်ပြီး COVID 19 ရောဂါ စောင့်ကြည့် ခံထားရသူ (၅)သောင်းကျော်ရှိပြီးတော့ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီတို့က အများဆုံးပါဝင်နေပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ(၂၇)ရက်နေ့ညနေပိုင်းထုတ်ပြန်ချက်အရ ဧပြီလ (၂၆)ရက်နေ့ထိ တစ်နိုင်ငံလုံးစောင့်ကြည့်လူနာ (၅၄,၂၃၄) ဦးရှိပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း) တို့အပါအဝင် တိုင်းနဲ့ ပြည်နယ် (၁၇)ခုတို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေတာဖြစ်ပါတယ်။ 

အဆိုပါစောင့်ကြည့်စာရင်းထဲမှာ မကွေးတိုင်းက (၁၇,၈၃၉)ဦးနဲ့ စစ်ကိုင်းတိုင်းက (၇၂၉၄ )ဦးတို့ပါဝင်နေပြီး ကူးစက်မှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတောင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ (၈၄၀)ဦးသာရှိပါတယ်။ 

ယခု စောင့်ကြည့်ခံထားရသူ (၅)သောင်းကျော်ကလည်း သက်ဆိုင်ရာ Quarantine စင်တာတွေမှာ (၂၁)ရက်ပြီးဆုံးသွားပါက နေအိမ်တွေမှာ နောက်ထပ် (၇)ရက်ဆက်လက် စောင့်ကြည့်ခံရအုံးမှာဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံရဲ့ COVID 19 ကူးစက်ခံထားရသူ (၁၄၆)ဦးမှာ အတည်ပြုလူနာတွေရှိတဲ့ မိသားစု (၈)စုမှတဆင့် ကူးစက်သူ (၂၄)ဦး၊ လုပ်ငန်းခွင်အစု (၃)စုမှကူးစက်သူ (၁၉)ဦးနဲ့ ဘာသာရေးပွဲတစ်ခုမှ ကူးစက်သူ (၆၅)ဦးထိပါဝင်နေပါတယ်။ 

အတည်ပြုလူနာ (၁၄၆)ဦးမှာမှ သေဆုံးသူ (၅)ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ (၁၀)ဦးထိရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က