loading...

loading...

loading...

လက်ရှိအချိန်ထိ ကူးစက်ခံရသူတော့မရှိသေးပါဘူး။
Ei Ei Htun

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ COVID 19 ရောဂါကူးစက်ခံနေရသူတစ်ဦးတစ်ယောက်မှမရှိသေးတဲ့ပေမယ့် ဖြစ်လာခဲ့ရင်တော့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေနဲ့မတူဘဲ ကိုယ့်နိုင်ငံအနေအထားအရ အခက်အခဲတွေရှိလာနိုင်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ 

တစ်ကမ္ဘာလုံးမှာ COVID 19 ရောဂါကူးစက်ခံနေရတဲ့ နိုင်ငံပေါင်း(၇၀)ကျော်ရှိနေပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရတဲ့ လူနာတစ်ဦးတစ်ယောက်မှမရှိသေးပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာဖြစ်လာခဲ့ရင်တော့ နိုင်ငံရဲ့အခြေအနေအရ အခက်အခဲတွေရှိလာနိုင်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားဖြစ်လာခဲ့ရေးမှူးဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ 

“ ကိုရီးယားလိုဖွံ့ဖြိုးတဲ့ နိုင်ငံမှာတောင် ဒီရောဂါကူးစက်လာတော့ ထိန်းချုပ်မှုကိုမနည်းလုပ်နေရတာ။ ကိုယ့်နိုင်ငံမှာတော့ အဖြစ်လည်းမခံပါဘူး။ဖြစ်လာခဲ့ရင်တော့ ကျွန်မတို့နိုင်ငံရဲ့ အနေအထားအရ အများကြီးအခက်အခဲရှိလာနိုင်ပါတယ်။ဒါကြောင့်မလို့ ကျွန်မတို့အနေနဲ့ မဖြစ်အောင်လို့ အားသွန်ခွန်စိုက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ရောဂါဖြစ်ပွားလာရင် အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်အောင် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဝန်ကြီးဌာနကို သတင်းပေးပို့ဖို့ လိုသလို ဒီကိစ္စက အစိုးရတစ်ခုတည်းဖြေရှင်းတာထက် ပြည်သူလူထုပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိစေရေးအတွက် လေဆိပ်ဝင်ပေါက်တွေ၊ နယ်စပ်ဝင်ပေါက်တွေမှာ အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်လျှက်ရှိပြီး ဟိုတယ်တွေ၊ စက်ရုံအလုပ်ရုံတွေမှာလည်း ဖျားနာတဲ့သူတွေရှိရင် သတင်းပေးဖို့ တွေ၊ တစ်နိုင်ငံလုံးက သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာလည်း ကြိုတင်ပြင်မှုတွေ ဆောင်ရွက်ထားပြီးရောဂါဖြစ်ပွားပါက အမြန်ဆုံးထိန်းချုပ်နိုင်ရေးဆောင်ရွက်ရှိတယ်လို့ သိရပါတယ်။


loading...

က္က