(၉)ဦးက ဆေးရုံကဆင်းခွင့်ရထားပါပြီ။

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည (၈)နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID 19 ရောဂါပျောက်ကင်းသူ (၁၆)ဦးထိရှိလာပြီလို့သိရပါတယ်။ 

ယခင်က ရောဂါပျောက်ကင်းသူ (၁၀)ဦးအနက် (၉)ဦးက ဆေးရုံကဆင်းခွင့်ရရှိထားပြီဖြစ်ပြီး ဒီကနေ့ ထုတ်ပြန်ချက်အရ ရောဂါပျောက်ကင်းသူ (၅)ဦးထပ်တိုးလာတာပါ။



ပျောက်ကင်းသွားတဲ့ လူနာနံပါတ်နဲ့ သူတို့ရဲ့အကြောင်းကို သိရဖို့ Duwun က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ရာမှာတော့ လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ဒီကနေ့ ည (၈)နာရီထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးပြီးခဲ့တဲ့ ဓာတ်ခွနမူနာ (၁၁၅)ဦးရဲ့ အဖြေမှာလည်း ရောဂါပိုးမတွေ့ရှိရဘူးလို့သိရပါတယ်။

ထပ်တိုးလူနာမရှိတဲ့အတွက် ဧပြီလ(၂၇)ရက်နေ့ ည (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ အတည်ပြု လူနာ (၁၄၆)ဦးသာရှိနေပါတယ်။

အတည်ပြုလူနာ (၁၄၆)ဦးအနက် (၅)ဦးသေဆုံးကာ (၁၆)ဦးပြန်လည်ကောင်းမွန်လာပြီး (၉)ဦးက ဆေးရုံက ဆင်းခွင့်ရပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က