မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၄၄၆ဦး ရှိရာမှာ သေဆုံးသူ ၂၇ဦး ထိရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ - Ministry of Health and Sports, Myanmar
တိုင်းနှင့်ပြည်နယ်အလိုက် ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ဇူလိုင်လ ၄ရက်နေ့အထိ စစ်တမ်းအရ ဖြစ်ကာ ဖြစ်ပွားမှု အများဆုံးနေရာတွေကတော့ ရှမ်း၊စစ်ကိုင်းနဲ့ကရင်ပြည်နယ်တို့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ ရှမ်း(အရှေ့)တာချီလိတ်မြို့နယ်တွင် သွေးလွန်တုပ် ကွေးဖြစ်ပွားသူ ၁၂၀ဦးအနက် ၃ဦးသေဆုံးခဲ့ပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ချောင်းဦးမြို့နယ်မှာ ၂ဦးနဲ့ဘုတလင်မှာ တစ်ဦး စုစုပေါင်း ၃ဦး၊ ကရင်ပြည်နယ်မှာ လှိုင်းဘွဲ့မှာ ၃ဦးနဲ့မွန်ပြည်နယ်မှာ ၃ဦးစီး သေဆုံးခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာတော့ သေဆုံးသူ ၂ဦးရှိပြီး ထန်းတပင်မြို့နယ်က ဖြစ်ကာ ပဲခူးမှာလည်း ၂ဦးစီ သေဆုံးခဲ့ ပါတယ်။
ဓာတ်ပုံ - Ministry of Health and Sports, Myanmar
ရခိုင်ပြည်နယ် ကျော်ဖြူမြို့နယ်မှာ တစ်ဦး သေဆုံးခဲ့ပြီး ကျန်တိုင်းနှင့်ပြည်နယ်တွေမှာတော့ သေဆုံးမှုနှုန်း မရှိကြ ပါဘူး။
သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားတဲ့ နေ့အချိန်တွင် ကိုက်လေ့ရှိ သည့် ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်တယ်လို့သိရပါတယ်။
အသက်အရွယ် ကျား/မ မရွေး ဖြစ်ပွားနိုင်ပေမယ့် အသက် ၁၅နှင့်နှင့်အထက် လူကြီးများမှာ ဖြစ်ပွားပါက သေဆုံ မှုနှုန်း မြင့်မားနိုင်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အစိုးရအနေနဲ့လည်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယခုနှစ်တွင် အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်ရန် (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၄) ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့တယ် လို့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။