Myanmar Brand အမျိုးအစားသတ်မှတ်တဲ့အခါ ပထမ ဦးစားပေးအဖြစ် သစ်သီးဝလံကို အဓိက ထားလုပ်မယ်လို့ သိရပါတယ်။
Ei Ei Mar

မြန်မာနိုင်ငံ မှာသာထွက်တဲ့ ထုတ်ကုန်တွေကို Myanmar Brand သတ်မှတ်ပြီး နိုင်ငံတကာ ကုန်သွယ်မှူမြှင့်တင်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာနကသိရပါတယ်။



Myanmar Brand အမျိုးအစားသတ်မှတ်တဲ့အခါ ပထမ ဦးစားပေးအဖြစ် သစ်သီးဝလံကို အဓိက ထားလုပ်မှာ ဖြစ်ပြီး ဥပမာအနေနဲ့ မြန်မာပြည် မှာသာထွက်တဲ့ စိန်တလုံးသရက်သီး ၊ သနပ်ခါး စတဲ့ ပြည်ပမှာ မထွက်တဲ့ ထုတ်ကုန်တွေကို Brand အမည်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ 

" Myanmar Brand လုပ်ဖို့အတွက် ဝန်ကြီးရုံးက အခု ခွင့်ပြုပြီးပါပြီ ၊ အခုကို Myanmar Brand အနေနဲ့ လုပ်ပါ့မယ် ။ ပြီးရင် တစ်ကမ္ဘာလုံးက မီဒီယာတွေသိအောင်ဖြန့်ပြီး လုပ်ပါ့မယ်။ ပြည်သူတွေကို အသိပညာပေးရမယ် brand ဆိုတာဘာလဲ ၊ ပြည်ပဘယ်လိုထိုးဖောက်မလ ၊ brand ရတဲ့ ကုမ္ပဏီတွေ ကို ပြည်ပပွဲဘယ်လို ခေါ်မလဲ စတဲ့ အသိပညာပေးတာလုပ်မယ် လုပ်ပြီးတော့ မှ ဘရမ်းတွေ ကို ပရိုမိုးရှင်းလုပ်မယ် ။ အဲဒီတော့ နည်းနည်း အချိန်တော့ ယူရဦးမယ်။" လို့ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာနက ဒေါက်တာသက်လွင်ဦး က ပြောပါတယ်။

ဓာတ်ပုံ - မင်းသူရှိန်

လက်ရှိမှာ Brand စီစစ်ရေးကော်မတီကိုလည်း ဘုတ်အဖွဲ့တည်ထောင်ပြီးဖြစ်ပါတယ်။ အဲ့ဒီ အဖွဲ့မှာ စီးပွားကူးသန်းဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတို့က နာယက အဖြစ်ဆောင်ရွက်ပြီး  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ်က ဥက္ကဌ အဖြစ်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။

" အစားအစာမှာဆို လက်ဘက် ၊မုန့်ဟင်းခါး စတာတွေရှိတယ်။ဂျပန်ဆိုရင် ဆူရှီဆိုပြီးသိတယ်။ မြန်မာအစားအစာဆိုတာ သူတို့ကကြားသာ ကြားဖူးတာ ဘယ်လိုပုံစံလဲ သိပ်မသိဘူး။ ဖောက်တဲ့နေရာမှာ ကမ္ဘာဆိုတာထက် လူတော်တော်များများသိအောင်ကြိုးစား ချင်တယ်။ နောက်ပြီး မြန်မာနိုင်ငံကိုလာလည်တဲ့ နိုင်ငံခြားသားဧည့်သည်တွေမြန်မာ့အစားအစာ က ဘယ်ဟာလဲ ဆိုတာသိ အောင် ထုတ်ဖော်သင့်ပါတယ်။"လို့ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းဥက္ကဌဦးနေလင်းမှပြောပါတယ်။

အဓိက မြန်မာ့ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံတကာက နေ စိတ်ချ ယုံကြည်ပြီး ကုန်သွယ်မှု မြှင့်တင်နိုင်ဖို့ အတွက် Myanmar Brand သတ်မှတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ei Ei Mar

    Managing Editor


က္က