လူဦးရေ ၃၂၀,၀၀၀ကျော်အတွက် အာဟာရများအခမဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

Covid-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်နေချိန်တွင် Ovaltine Myanmar ကနေပြီး မြန်မာပြည်သူအမြောက်အမြားအတွက် ကိုယ့်ခံစွမ်းအားမြှင့်တင်ရန်နှင့်ကျန်းမာသောအာဟာရများ ဖြည့်တင်းပေးရန်အတွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

Ovaltine Myanmar ရဲ့ ယခုအစီအစဉ်မှတဆင့် အဓိကအားဖြင့် မြန်မာနိုင်ငံရှိ ချို့တဲ့သူများ၊ အိမ်ထောင်စုများ၊ ရှေ့တန်းမှကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ  ကိုယ်ခံအားပိုမို ကောင်းမွန်စေရန်နှင့် အာဟာရ ပြည့်၀ကာကျန်းမာရေးတိုးတက်စေရန်အတွက်ထောက်ပံ့ပေးလျက်ရှိတာပါ။

“မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဟာရကုန်အမှတ်တံဆိပ်တစ်ခုအနေနဲ့ ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စုတွေ၊ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းများနဲ့ ကိုဗစ်ကာလအတွင်း ရှေ့တန်းက တာဝန်ထမ်း ဆောင်ခဲ့တဲ့ ရဲဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို အာဟာရပြည့်၀ဖို့ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ စီစဉ်ပြုလုပ်ရခြင်းဖြစ်ပါတယ်”လို့ Ovaltine Myanmar ရဲ့ Business Development Director ဖြစ်သူ Mr Ramon Sheodore Villaflor ကပြောပါတယ်။

ယခုအစီအစဉ်ကနေတစ်ဆင့် Ovaltine Myanmar ဟာ အများအကျိုးအတွက်ရည်ရွယ်ပြီး ၂၀၂၀ခုနှစ် မေလအတွင်း မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး၁၀မြို့မှအိမ်ထောင်စုများ၊ မိဘမဲ့ဂေဟာများနှင့် ဘိုးဘွားရိပ်သာများ စသည်ဖြင့် လူဦးရေ ၃၂၀,၀၀၀ကျော်အတွက် အာဟာရများအခမဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

Ovaltine Myanmar ရဲ့ အဆိုအရ ယခုအစီအစဉ်အားမြန်မာနိုင်ငံအောက်ပိုင်းမှ ရန်ကုန်၊ ပြည်၊ ပုသိမ် နှင့်မော်လမြိုင်မြို့များနှင့် မြန်မာနိုင်ငံအထက်ပိုင်းမှ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ မုံရွာနှင့် မကွေးမြို့များတွင်ပါ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားတယ်လို့သိရပါတယ်။

“အခုလိုမကြုံစဖူးသော ကိုဗစ်ကာလအတွင်း ပြည်သူပြည်သားများအားလုံး ကျန်းမာရေးကောင်းမွန် ဖို့အလွန်အရေးကြီးပါတယ်။ကျန်းမာဖို့အတွက်က အာဟာရပြည့်၀နေဖို့တော့လိုပါတယ်။ဒါကြောင့် ကိုယ်ခံအားပိုကောင်းဖို့လိုအပ်သူတွေကို ဦးစားပေးပြီး သွားရောက်ကူညီပံ့ပိုးပေးရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအားလုံးလည်း ဒီကာလအတွင်း ကျန်းမာစွာနေထိုင်ဖို့နဲ့ လုံခြုံမှုရှိစေဖို့အတွက် တရားဝင်လမ်းညွှန်ချက်တွေကို လိုက်နာဖို့အကြံပြုတိုက်တွန်းလိုက်ပါတယ်” Mr Ramonက ဆက်လက်ပြောကြားပါတယ်။

Ovaltine မှာ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၂၃မျိုးနှင့်Vitamn C, Zinc ကဲ့သို့သော ဗီတာမင် ဓာတ်အမြောက်အမြားပါဝင်တာကြောင့်Ovaltine အား နေ့စဉ်သောက်သုံးခြင်းဖြင် ကိုယ်ခံအားစနစ် လုပ်ဆောင်မှုကို တိုးတက်စေမှာ ဖြစ်ပါတယ်။

(ဒီသတင်းကို Ovaltine မှပံ့ပိုးကူညီထားပါတယ်)



က္က