Peace Crops Myanmar အဖွဲ့လုပ်တာပါ။

မြန်မာနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ ၂ နှစ်တာ အင်္ဂလိပ်စာသင်ကြားပေးဖို့အတွက် အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်းတွေက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

Photo - Peace Crops Myanmar



၎င်းတို့ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ (၂) နှစ်တာ အင်္ဂလိပ်စာ သင်ကြားပေးကြမှာဖြစ်ပါတယ်။ အဲ့ဒီကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းကရန်ကုန်မှာရှိတဲ့ Summit Parkview Hotel မှာပြုလုပ်ခဲ့တယ်လို့ Peace Crops Myanmar အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သိရပါတယ်။

“ ကျွန်ုပ်သည် မြန်မာနိုင်ငံသားများနှင့် အတူယှဉ်တွဲပြီး တာဝန်ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ် သည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့မှ ပြည်သူလူထုနှစ်ရပ်အကြား ငြိမ်းချမ်းရေးနှင့် ရင်းနှီးချစ်ကြည်မှု ပေါင်းကူးတည်ဆောက်ရာတွင် ပါဝင်ကူညီရန် ကတိပြုပါသည်။ ကျွနု်ပ်သည် နှစ်နိုင်ငံ ယဉ်ကျေးမှုအကြား နားလည်မှုကို ပြုစုပျိုးထောင်ရာတွင် လေးစားမှု၊၊ သတိရှိမှုတို့ဖြင့် လုပ်ဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ် သည် ဆောင်ရွက်ရမည့်တာဝန်များကို သည်းခံခြင်း၊ နှိမ့်ချရိုကျိုးခြင်းနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ” လို့ Peace Crops Myanmar အဖွဲ့က ကျမ်းသစ္စာကျိမ်ဆိုခဲ့ကြပါတယ်။

Photo - Peace Crops Myanmar

၂၀၁၉ ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတွေမှာ အင်္ဂလိပ်စာ သင်ကြား ပေးဖို့ ဆရာ၊ ဆရာမ ၃၂ ဦးက စေတနာ့ဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်မှာပါ။

Peace Crops ကို အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက စတင်တည်ထောင်ခဲ့ပြီး ၁၉၆၁ ခုနှစ်၊ မတ်(၁)ရက်မှ စတင်ကာ နိုင်ငံပေါင်း (၄၁)နိုင်ငံတွင် အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း နှစ်သိန်းသုံးသောင်းကျော် စေလွှတ်တာဝန်ထမ်းဆောင်ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Peace Crops စေတနာ့ဝန်ထမ်း အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပြီး ယခုအကြိမ် အပါအဝင် ၄ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က