HAGL ရဲ့ဝန်ဆောင်မှုအကြောင်းအရာတွေကို တင်ပေးသွားမှာပါ။

မြန်မာပလာဇာအပါအဝင် ဗီယက်နမ်အခြေစိုက် HAGL Myanmar ရဲ့ တရားဝင် Website ဖြစ်တဲ့ www.hagl.com.mm ကို ဇူလိုင် ၁၄ ရက်နေ့မှာ အသစ်မိတ်ဆက်လိုက်ပါတယ်။

 



မြန်မာပလာဇာရဲ့ ဝန်ဆောင်မှုတွေ ၊ ဆိုင်ခန်းတွေရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေပါဝင်မှာဖြစ်ပြီး HAGL အုပ်စုရဲ့ ရုံးခန်းတွေနဲ့ services office တွေ ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။



"ကျွန်မတို့ HAGL Myanmar Website အသစ်ကို 2018 ထဲမှာ အသစ်ပြန်အဆင့်မြှင့်တင်ခဲ့ရာမှာ Myanmar Center ရုံးခန်းတွေရယ် အိမ်ခန်းတွေနဲ့ ပါတ်သတ်ပြီးတော့ အသေးစိတ် သိလို့ရအောင် ဓာတ်ပုံတွေနဲ့ သေချာတင်ပြပေးထားပါတယ်။ ဆိုင်တွေက ပရိုမိုးရှင်းတွေနဲ့ အထူး အစီအစဉ်တွေကိုပါ လေ့လာလို့ရအောင် အဆင့်မြှင့်တင်ထားပါတယ်။" လို့ HAGL Myanmar ရဲ့ PR Manager မဇင်မာသက်မွန်က ပြောပါတယ်။



ဗီယက်နမ်အခြေစိုက် Hong Anh Gia Lai အနေနဲ့ စီမံကိန်း အပိုင်း ၂ ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်နေတာဖြစ်ပြီးတော့ ရုံးခန်း၊ ရှော့ပင်းစင်တာ အခန်းပေါင်း ၃၆၀ ပါဝင်မယ့် အဆောက် အဦးနှစ်လုံး ၊ အိမ်ယာ အဆောက် အဦးသုံးလုံးပါဝင်မယ့် စီမံကိန်းသစ်ကို ဆက်လက်တည်ဆောက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။



စီမံကိန်း အပိုင်း ၁ ကိုတော့ ၂၀၁၅ ခုနှစ်မှာ ပြီးစီးခဲ့ပြီးတော့ မြန်မာပလာဇာက စီမံကိန်း ၁ မှာ ပါဝင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က