Myanmar Sat-2 ဂြိုလ်တုကိုလည်း သုံးနိုင်တော့မှာပါ။

မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးဆပ်ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်တာကြောင့်Space Agency ဖွဲ့စည်းဆောင်ရွက်ရေး အကောင် အထည်ဖော်ဆောင်ရွက်ဖို့လိုနေပြီလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ Website မှာ ဖော်ပြထားပါတယ်။

Photo - WIKIPEDIA



ဧပြီလ ၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး လုပ်ငန်းကော်မတီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကြေပာဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဝန်ဆောင်မှုတွေ စတင်ရရှိမယ့် Myanmar Sat-2 ကို ထိရောက်အကျိုး ရှိစွာ အသုံးပြုနိုင်ရေးအတွက်လည်းပြောဆိုခဲ့ပါတယ်။

အချိုးကျပူးတွဲပိုင်ဆိုင်တဲ့ Myanmar Sat-2 ဂြိုလ်တုကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat Global Sales & Marketing Limited တို့ကအချိုးကျ ပူးတွဲပိုင်ဆိုင်မှာဖြစ်ပါတယ်။ အဲ့ဒီဂြိုလ်တုမှာ မြန်မာနိုင်ငံအနေနဲ့ C-Band ခြောက်ခုအတွက်လိုင်း အင်အားပေါင်း 432 MHz, Ku Band ခြောက်ခုအတွက် လိုင်းအင်အားပေါင်း 432MHz စုစုပေါင်းလိုင်းအင်အား 864MHz ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှာ Myanmar Sat-1 ဂြိုလ်တုကို ကွန်ဒိုစနစ်လိုမျိုးအခန်း တွေငှားရမ်းပြီး အသုံးပြုလျက်ရှိနေပြီး ကိုယ်ပိုင်ဂြိုဟ်တုတည်ဆောက်ဖို့အတွက်ဆိုရင်တော့ ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းခန့်ရှိနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က