ယခုနှစ်မှာ အလွတ်ကျက်စနစ်အစား စဉ်းစားတွေးခေါ်မှုအပိုင်းတွေကို မေးမြန်းထားတာပါ။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာမေးခွန်းမှာ စဉ်းစားတွေးခေါ်ရတဲ့ မေးခွန်းအချို့ ပါဝင်ပေမယ့် ဖြေဆိုနိုင်ကြတယ်လို့ ဖြေဆိုသူကျောင်းသားအများစုှဆီကနေ သိရပါတယ်။

(မြန်မာစာဘာသာ ဖြေဆိုပြီး ပြန်ထွက်လာကြသည့် ကျောင်းသားကျောင်းသူများ)



မေးခွန်းပုံစံမှာ အပြင်ဗဟုသုတမေးခွန်းအချို့ ပါဝင်ပေမယ့် ပေးထားတဲ့ သိမှတ်ဖွယ်ရာ၊ ဂျာနယ်တွေကို မှတ်သားထားမယ်ဆိုရင် အောင်မှတ်ရနိုင်ပြီး အလွန် ခက်ခဲတာမျိုးတော့ မရှိဘူးလို့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC ) ကမာရွတ် စာစစ်ဌာနမှာ လာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူအချို့က Duwun ကိုပြောပါတယ်။

“အပြင်မေးခွန်းတွေ မေးထားပေမယ့် ပေးထားတဲ့ ဂျာနယ်တို့ သိမှတ်ဖွယ်ရာတို့ကို ကြည့်ရင် အောင်မှတ်ရနိုင်ပါတယ်။ စာတွေ များများဖတ်ထားမယ်။ စာစီစာကုံးလေ့ကျင့်ထားတဲ့ အခံတွေရှိရင် တွေးတောတတ်ပါတယ်” လို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ကျောင်းသားမောင်ဝေဖြိုးဦးက ဆိုပါတယ်။

“ မေးခွန်းပုံစံက ပြောင်းတော့ပြောင်းထားတယ်။ ဒါပေမယ့် စာတွေက အခက်ကြီးမဟုတ်တဲ့အတွက် ၈၀ ရာခိုင်နှုန်းလောက် ဖြေဆိုနိုင်ပါတယ်။ “ လို့ ကျောင်းသူ ဟန်နိုနိုစိုးက Duwun ကို ပြောပါတယ်။

(မြန်မာစာဘာသာ ဖြေဆိုပြီး ပြန်ထွက်လာကြသည့် ကျောင်းသားကျောင်းသူများ)

မြန်မာစာမေးခွန်းမှာ အရင်နှစ်ကထက် အပုဒ်ရေ ပိုများတာကြောင့် အချိန်တော့ မပိုဘူးလို့ ဖြေဆိုသူ ကျောင်းသားအချို့ က ဆိုပါတယ်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ်လ ၆ ရက်က နေ ၁၅ ရက်အထိ တစ်နိုင်ငံလုံးမှာ ကျင်းပနေတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ စာစစ်ဌာနပေါင်း ၁၈၈၆ ခုနဲ့ ဖြေဆိုဖို့စာရင်းပေးထားသူ ကိုးသိန်းနီးပါးရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံကို ယခင်အလွတ်ကျက်ဖြေဆိုရမယ့်စနစ်အစား စဉ်းစားတွေးခေါ်ပြီး ဖြေဆိုရမယ့် မေးခွန်းတွေကို ထည့်သွင်းထားတယ်လို့ ပညာရေးဝန်ကြီးဌာနကလည်း ကြေညာထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က