မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်းအခမ်းအနားမှာပြောခဲ့တာပါ။

အများစုကတော့ ယူနီကုဒ်မြန်မာစံစနစ် ပြောင်းလဲခြင်းရဲ့ အကျိုးကျေးဇူးကို သိပ်မသိသေးလို့ ပြောင်းလဲသုံးစွဲဖို့ကိုလည်း ခဲယဉ်းနေကြပါတယ်။

photo- MOI Webportal Myanmar

မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်းအခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ(၁)ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပပြုလုပ်ခဲ့ရာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာစာရေးတတ်ရင် ယူနီကုဒ်သုံးတတ်တာပဲလို့ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ ကျွန်မတို့ပြည်သူတစ်ရပ်လုံး ယူနီကုဒ်စံစနစ်ကို ဘာကြောင့်ပြောင်းလဲသုံးစွဲဖို့လိုတယ်ဆိုတာ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်အပြောင်းအလဲမဆို အခက်အခဲတော့ အနည်းနဲ့ အများကြုံတွေ့ရမှာပါပဲ။ ဒီအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ပညာရှင်တွေကလည်း တက်နိုင်သလောက်ကူညီဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ ယူနီကုဒ်က အရင်တုန်းက လက်နှိပ်စက်ရိုက်သလို ရရစ်ကိုအရင်ရိုက်ပြီး ၊ ရရစ်(၃)မျိုးထဲကတစ်မျိုးရွေးရ၊ တစ်ချောင်းငင်(၂)မျိုးထဲက တစ်မျိုးရွေးရတာတွေမရှိတော့ပါဘူး။ မြန်မာစာရေးတတ်ရင် ယူနီကုဒ်သုံးတတ်တာပဲလို့ အတိုင်ပင်ခံကပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။

photo- MOI Webportal Myanmar

တစ်နိုင်ငံလုံးအသုံးပြုရမယ့် ယူနီကုဒ်ဆိုတာက Font မဟုတ်ဘဲ နိုင်ငံတကာကသတ်မှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ ယူနီကုဒ် မြန်မာစံစနစ်ကို သုံးစွဲကြဖို့ အသံတွေထွက်ပေါ်လာသလို ရုပ်ရှင်ဂီတနယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူများကိုလည်း Unicode မြန်မာစာစံစနစ်အတွက် သံတမန်တွေအဖြစ်လည်းခန့်အပ်ခဲ့ပါတယ်။

ပြည်သူအများစုကတော့ ယူနီကုဒ်မြန်မာစံစနစ် ပြောင်းလဲခြင်းရဲ့ အကျိုးကျေးဇူးကို သိပ်မသိသေးလို့ ပြောင်းလဲသုံးစွဲဖို့ကိုလည်း ခဲယဉ်းနေကြပါတယ်။ တကယ်လို့ ယူနီကုဒ် ပြောင်းဖို့အတွက် အခက်အခဲများရှိပါက ယူနီကုဒ်အထောက်အကူပြုရေး Facebook Group တစ်ခုဖြစ်တဲ့ MyanmarUnicode Area မှာ Memberအဖြစ်ဝင်ရောက်ပြီးမေးမြန်းနိုင်ပါတယ်။ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်းအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများနဲ့ သက်ဆိုင်ရာဌာနအသီးသီးမှတာဝန်ရှိသူများ၊ အနုပညာရှင်များတက်ရောက်ခဲ့ကြပါတယ်။



က္က