Hmue Eain Zaw

မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းဒသတွေမှာ အပူချိန်တွေမြင့်တက်နေတာကြောင့် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအကြားရေချိုးတာတွေ မလုပ်ကြဖို့ အပူဒဏ်ကာကွယ်ရေးသတိပေးချက်တွေလုပ်ဆောင်နေပါတယ်။

Photo - AccuWeather

ဧပြီလအစက စပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အောက်ပိုင်းဒေသတွေရဲ့ နေ့ပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ် ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းကလဲ လွန်ကဲအဆင့်အထိမြင့်တက်နေပါတယ်။

Photo - AccuWeather

ဒါကြောင့် သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ မြို့ရွာတွေကို ပြည်သူ့ကျန်းမာရေဦးစီးဌာနကနေပြီးတော့ အပူဒဏ်နဲ့ပတ်သက်ပြီး အသိပညာဖြန့်ဝေမှုတွေလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက် အရတော့ အပူချိန်ဟာ အနည်းဆုံး ၂၉ ဒီဂရီ စင်တီဂရိတ် အထက်ကို ရောက်သွားပြီး လေထဲမှာ ရေငွေ့ပါနှုန်း တနည်းအားဖြင့် လေထု စိုထိုင်းဆ ၄ ရာခိုင်နှုန်းကျော်ပြီ ဆိုရင် လူတွေ သတိထားရမယ့် အခြေအနေ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေဟာ မိုးဝင်မလာမချင်း မေလ အကုန်ထိ ဖြစ်နေနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောပါတယ်။

အပူဒဏ် မြင့်နေချိန်မှာ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၆ဝ အထက် အရွယ်တွေ အထူး ဂရုစိုက် သင့်သလို သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါရှိသူတွေအတွက်လည်း အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က