စာချုပ်စာတမ်းမရှိတာပါ။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ကြောင့် မြို့ပြများသို့ ရွေ့ပြောင်းလာတဲ့သူတွေက ၅၆ % ရှိပြီး အဲ့ဒီလူတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ကသာ စာချုပ်စာတမ်းနဲ့ လုပ်ကိုင်နေတယ်လို့သိရပါတယ်။



သူတို့ထဲက အများစုဟာ အသေးစားအလတ်စားလုပ်ငန်းတွေမှာပဲ ဝင်ရောက်လုပ်ကိုင်နေရပြီး စာချုပ်စာတမ်းနဲ့လုပ်တာမဟုတ်တဲ့အတွက် အမြတ်ထုတ်လို့ လွယ်ကူတဲ့အခြေအနေမှာရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံမြို့ပြဖြစ်ထွန်းမှုအစီရင် ခံစားထဲမှာဖော်ပြထားပါတယ်။

မြို့ပြမှာနေထိုင်တဲ့သူတွေဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲရှိနေတာကြောင့် အခြားနိုငင်ံတွေနဲ့နှိုင်း ယှဉ်မယ်ဆိုရင် အတော်လေးနည်းပါးနေပြီး မြို့ပြဖြစ်ထွန်းမှု အစောပိုင်းကာလအဆင့်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့ပြတွေမှာ ကျူးကျော်နေထိုင်သူတွေဟာလည်း သူတို့ရဲ့ကလေးတွေကို ကျောင်းပို့ကြပေမယ့် ကလေးအသက် ၁၃ နှစ်ကျော်ပြီးနောက် ကျောင်းထွက်နှုန်းအလွန်များပြားတယ်လို့ဆိုပါတယ်။ ဒါကြောင့်ကျူးကျော်နေထိုင်သူတွေဟာ ရာဇဝတ်မှုရဲ့ သားကောင်ဖြစ်ရတယ်ဆိုပြီးတော့လည်း ဖော်ပြထာပါတယ်။

အခုချိန်ဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုမှာ အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုအလေးထားတဲ့ မြို့ပြအုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာချပေးရန် လိုအပ်နေပြီလို့ ကမ္ဘာဘဏ်က တိုက်တွန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က