ကမ္ဘာ့လှည့်ခရီးသွားတွေ အဆင်ပြေလည်ပတ်နိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ဝန်ကြီးကဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ အသင့်ဖြစ်နေပြီး ကမ္ဘာပေါ်မှာ ခရီးသွားဆိုင်ရာ မှုခင်းဖြစ်ပွားမှု အနည်းဆုံးနိုင်ငံ ဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားလိုက်ပါတယ်။

Photo Credit - Trip One Travel (မြန်မာနိုင်ငံမှ ခရီးသွားဒေသတစ်ခု ကိုတွေ့ရစဉ်)



နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ www.tourism.gov.mm Website လွှင့်တင်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Look East Policy ကို ချမှတ်ဖော်ဆောင်ခဲ့တာကြောင့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် ၃၇ ရာခိုင်နှုန်းနှင့် ထိုင်းခရီးသွားဧည့်သည် အရေအတွက် ၉ ရာခိုင်နှုန်းအထိ အရင်နှစ်ကထက် ပိုမိုတိုးတက်လာခဲ့ပြီး လက်ရှိမှာ Lool West Policy ကို ခရီးသွားလုပ်ငန်းအတွက် ပြန်လည် သုံးသပ်ရမယ့် အချိန် အခါ ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့တာပါ။

ယခုလွှင့်တင်တဲ့ Website ဟာ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေလို မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးစဉ်ဒေသတစ်ခုအဖြစ် ကမ္ဘာက ပိုမိုသိရှိလာအောင် Digital Marketing Strategy တစ်ခုအဖြစ် အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ခရီးစဉ်ဒေသတွေနဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တွေ၊ သတင်းဓာတ်ပုံတွေ၊ တွေ့ဆုံ မေးမြန်းခန်းတွေကို ဖော်ပြပေးမှာ ဖြစ်ပြီး ရင်းနှီးမြုပ်နှံလိုသူတွေအတွက် ပြည့်စုံတဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးနိုင်အောင် လွှင့်တင်သွားမယ်လို့ သိရပါတယ်။

Photo Credit - I Like That (မြန်မာနိုင်ငံမှခရီးသွားဒေသတစ်ခုကို တွေ့ရစဉ်)

 ဒါ့အပြင် ခရီးစဉ် ရေးဆွဲရာမှာ အရေးကြီးတဲ့ လေယာဉ်ခရီးစဉ်များ၊ ကုန်ကျစရိတ်များ၊ ဗီဇာကိစ္စတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းအားလုံး နှင့် ပူးပေါင်းပြီး www.tourism.gov.mm Website တွင် ထည့်သွင်းပေးသွားမယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို ကမ္ဘာကသိရှိစေရန်၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အရေအတွက် ပိုမိုတိုးတက်လာရန်၊ မြန်မာနိုင်ငံ၏ ထူးခြားလှပတဲ့ ခရီးစဉ် ဒေသတွေ၊ ပွဲတော်တွေရဲ့ အကြောင်းကို ပိုမိုသိရှိနိုင်စေရန်၊ ဖုံးကွယ်တိမ်မြုပ်နေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သမားရိုးကျ ဈေးကွက်မြှင့်တင်ရေးနည်းလမ်းတွေ အပြင် (၂၁)ရာစုခေတ်နဲ့ လိုက်လျောညီထွေအောင် Online အသုံးပြု ဈေးကွက်မြှင့်တင် နိုင်ဖို့ www.tourism.gov.mm Website လွှင့်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မဖော်ထုတ်ရသေးတဲ့ ခရီးစဉ်တွေ များစွာကျန်ရှိနေပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေထက် အလားအလာကောင်းတွေ များစွာရှိနေကာ သစ်တောသစ်ပင်တွေကနေ နှင်းဖုံးလွှမ်းနေတဲ့ တောင်တန်းတွေအထိ လူသားတို့ ထိတွေ့အသုံးပြု ခြင်းမရှိသေးတဲ့ သဘာ၀ ဝန်းကျင်ကောင်းတွေ များစွာ ကျန်ရှိနေသေးတယ်လို့ ပြည်ထောင်စုဝန်ကြီးက အဆိုပါ Website လွှင့်တင်တဲ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က