Yangon Investment Forum 2019 ကို Video ဖိုင်ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီလို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာကို ကိုးကားပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Photo - Yangon Region Government



Yangon Investment Forum 2019 အခမ်းအနားကို မေလ ၁၀ ရက်နေ့က Lotte Hotel မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့လိုက်တဲ့ နှုတ်ခွန်းဆက် ဗီဒီယိုဖိုင်ထဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျွန်မတို့အနေနဲ့ အသင့်အတင့်မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းထားနိုင်ပြီး ငွေကြေးဖောင်းပွမှု ကြီးကြီးမားမားမဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။"လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ဒါ့အပြင် အခုလို အကဲဆတ်တဲ့ နိုင်ငံရဲ့အခြေအနေမျိုးမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆက်တိုက် တိုးတက်နေစေဖို့အတွက် ဖွံ့ဖြိုးတိုးတက်မှုအစီအမံတွေကို ပြောင်းလွယ်ပြင်လွယ် လိုက်လျောညီထွေးဖြစ်အောင်လုပ်ဖို့လည်းလိုတယ်လို့ပြောကြားခဲ့ပါတယ်။

Photo - Yangon Region Government

မြန်မာနိုင်ငံဟာ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နေတာနဲ့အညီ အာရှရဲ့ နောက်ဆုံးစီးပွားရေး ဥပစာဖြစ်တဲ့အတွက် လာရောက်ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ကြဖို့ ဖိတ်ခေါ်ထားသလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အဆင်ပြေချောမွေ့အောင်လုပ်ဆောင်ပေးမယ်လို့လည်း ဆိုပါတယ်။

ယခုကျင်းပပြုလုပ်တဲ့ ဖိုရမ်မှာ ကျွမ်းကျင်လုပ်သားများ တိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်တဲ့ လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုမြို့များနဲ့ အထူးစီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဦးစားပေးအဖြစ် အားပေးကြိုဆိုလျက်ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က