ကုလ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူကပြောလိုက်တာပါ။
ဖေ့စ်ဘုတ်အနေနဲ့ မြန်မာနိုင်ငံမှာ အမုန်းစကား ပြန့်ပွားနေမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်မှုတွေကို လုံလောက်တဲ့ ဟန့်တားနိုင်မှု မရှိသေးဘူးလို့ ကုလသမဂ္ဂတာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

Photo - Facebook



ပြီးခဲ့တဲ့ နှစ်အတွင်း ဖေ့စ်ဘုတ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အမုန်းတရားနဲ့ ပတ်သက်ပြီး ဝါဒဖြန့်နေတဲ့ အကောင့်တွေကို ပိတ်ပင်မှုတွေလုပ်ခဲ့ပေမယ့် မလုံံလောက်ဘူးလို့ ကုလစုံစမ်းစစ်ဆေးသူက ဝေဖန်လိုက်တာပါ။

"ဖေ့စ်ဘုတ် အနေနဲ့ အဓိပ္ပါယ်ရှိရှိ ကောင်းကောင်းလုပ်ခဲ့တာတွေရှိပေမယ့် ဒါဟာ လုံလောက်မှုမရှိသေးပါဘူး။"လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူ ခရစ္စတိုဖာ ဆစ်ဒိုတီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Gizmodo သတင်းဌာနနဲ့တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်လောက်ကနေစပြီး တယ်လီဖုန်း SIM ကတ်ဈေးတွေ ကျဆင်းလာခဲ့တာကြောင့် လူအတော်များများ မိုဘိုင်းဖုန်းတွေကနေ ဖေ့စ်ဘုတ်ကို အသုံးပြုလာကြပြီးနောက် ဖေ့စ်ဘုတ်ဟာ မြန်မာနိုင်ငံရဲ့ အင်တာနက်သဖွယ်ဖြစ်လာပြီး အမုန်းစကားတွေ ပိုများလာသလို အဲ့ဒီကာလတွေမှာပဲ လူမျိုးရေးပြဿနာတွေ ဖြစ်ခဲ့တယ်လို့ ဂါးဒီးယမ်းသတင်းစာကြီး ကဖော်ပြထားပါတယ်။

ဒါပေမယ့် ဖေ့စ်ဘုတ်ဟာ အဲ့ဒီအချိန်က မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့ လျစ်လျူပြုခဲ့တာတွေရှိပြီး အစွန်းရောက်တွေအတွက် အခွင့်အရေးပေးသလို ဖြစ်သွားခဲ့တယ်လို့ ရိုက်တာ သတင်းတစ်ရပ်မှာလည်း ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီးတော့ သတင်းအတုတွေကို ဖျက်ချဖို့ စီစဉ်နေပြီဖြစ်ပေမဲ့ အလွန်နောက်ကျနေပြီး အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ဖေ့စ်ဘုတ်ရဲ့ တာဝန်ရှိသူတွေကလည်းပြောပါတယ်။

ဖေ့ဟ်ဘုတ်ရဲ့ ဗျူဟာအသစ်အရ ပြင်ပမှာရှိတဲ့ ရွေးချယ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြောင်းအရာတစ်ခုဟာ သတင်းအချက်အလက်မှန် မမှန်နဲ့ အကြမ်းဖက်မှုကို ဦးတည်နေခြင်းရှိ မရှိကို ဆုံးဖြတ်ပြီး နှစ်ခုစလုံးဖြစ်နေပါက အဆိုပါ အကြောင်းအရာကို ဖြုတ်ချသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က