မြင်းခွာရွက်တို့ကို အခြောက်ခံပြီး ဂျာမနီကို တင်ပို့ဖို့ ရည်ရွယ်ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက ဆေးဘက်ဝင် ဟင်းသီးဟင်းရွက်အပင်တွေဖြစ်တဲ့ ဒန့်ဒလွန်အသီးနဲ့ အရွက်၊ မြင်းခွာရွက်တို့ကို အခြောက်ခံပြီး ဂျာမနီနိုင်ငံကို တင်ပို့ဖို့အတွက် လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဇန်နဝါရီ ၂၃ ရက်နေ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန

ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ International Economic Council က စီအီးအိုတို့နဲ့ တွေ့ဆုံပြီး ဒန့်ဒလွန်သီးနဲ့ အရွက်အပြင် မြင်းခွာရွက်တို့ကို အခြောက်ခံပြီး ဂျာမနီကို တင်ပို့ဖို့ ရည်ရွယ်ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။



ဂျာမနီနိုင်ငံမှာ နိုင်ငံတွေအကြားမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့အတွက် အဓိက ရည်ရွက်ချက်ထားတဲ့ လွတ်လပ်တဲ့ ဒီမိုကရက်တစ်ပါတီအောက်လွှတ်တော်အမတ်ရဲ့ စိတ်ဝင်စားမှုအရ အခုလိုဖိတ်ကြားပြီး ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဒန့်ဒလွန်ရွက်၊ မြင်းခွာရွက်တို့ကို အခြောက်ပြုလုပ်ပြီး မှိုမတက်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်ရေးအတွက် ဂျာမန်ဘက်ကနေ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာမြင့်နဲ့ ဈေးကွက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ ဥရောပဒေသတွေမှာ ဒန့်ဒလွန်ရွက်ခြောက် (moringa) ကို ဆေးစွမ်းရှိတဲ့ စားသောက်ဖွယ်အဖြစ် ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချသုံးစွဲနေကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က