ဖေ့စ်ဘုတ်ကို အင်တာနက်လို့ သုံးစွဲနေတာကြောင့်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ်လူမှုကွန်ရက်ကနေ ပြဿနာတွေဖြစ်ပွားအောင် အမုန်းစကားတွေပြောနေကြတာကို ဖေ့ဘုတ် အနေနဲ့ ထိမ်းချုပ်ရခက်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေမှာဖော်ပြနေကြပါတယ်။



Photo - IBEX





မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်လောက်ကနေစပြီး တယ်လီဖုန်း Sim ကတ်ဈေးတွေကျဆင်းလာခဲ့တာကြောင့် လူအတော်များများ မိုဘိုင်းဖုန်းတွေကနေ ဖေ့ဘုတ်ကို အသုံးပြုလာကြပြီးနောက် ဖေ့စ်ဘုတ်ဟာ မြန်မာနိုင်ငံရဲ့ အင်တာနက်သဖွယ်ဖြစ်လာပြီး အမုန်းစကားတွေပိုများလာသလို အဲ့ဒီကာလတွေမှာပဲ လူမျိုးရေး ပြဿနာတွေဖြစ်ခဲ့တယ်လို့ ဂါးဒီးယမ်း သတင်းစာကြီးကဖော်ပြပါတယ်။



ဒါပေမယ့် ဖေ့စ်ဘုတ်ဟာ အဲ့ဒီအချိန်က မြန်မာနိုင်ငံထဲမှာဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီးလျစ်လျူပြုခဲ့တာတွေရှိပြီး အစွန်းရောက်တွေအတွက် အခွင့်အရေးပေးသလိုဖြစ်သွားခဲ့တယ်လို့ ရိုက်တာ သတင်းတစ်ရပ်ကဖော်ပြပါတယ်။



ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီးတော့ သတင်းအတုတွေကို ဖျက်ချဖို့ စီစဉ်နေပြီဖြစ်တယ်လို့ Facebook က စီစဉ်နေပေမယ့် အရမ်းနောက်ကျနေပြီး အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ဖေ့စ်ဘုတ်ရဲ့ တာဝန်ရှိသူတွေကလည်းပြောပါတယ်။



ဖေ့စ်ဘုတ် ရဲ့ ဗျူဟာ အသစ်အရ ပြင်ပမှာရှိတဲ့ ရွေးချယ်ထားတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြောင်းအရာတစ်ခုဟာ သတင်းအချက်အလက်မှားနေလားဆိုတာ တစ်ချက်နဲ့၊ အကြမ်းဖက်မှုကို ဦးတည်နေသလားဆိုတာကို ဆုံးဖြတ်ပြီး နှစ်ခုစလုံးဖြစ်နေတယ်ဆိုရင် ဖြုတ်ချသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က