မြန်မာနိုင်ငံပိုင် အနိမ့်ပျံ ဂြိုဟ်တု လွှတ်တင်နိုင်ရေး အခုနှစ်အတွင်း ဆောင်ရွက်မယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
Photo - ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ( ဂြိုဟ်တုလွှတ်တင်ရေး လက်မှတ်ရေးထိုးစဉ် )
အနိမ့်ပျံ ဂြိုဟ်တု လွှတ်တင်ရေးကို ၂၀၁၉ ခုနှစ်အောက်တိုဘာလမှာ စတင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပြီး ဂျပနိုင်ငံက အကူအညီပေးမှာ ဖြစ်ပါတယ်။ ဂြိုလ်တုလွှတ်တင်ရေး ဆောင်ရွက်ရန် LOI (Letter of Intent) လက်မှတ်ရေးထိုးပွဲကို မေလ ၁၅ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကြည်သွင်နဲ့ ဂျပနိုင်ငံဟော့ကိုင်းဒိုး တက္ကသိုလ် Space Mission Center မှ ညွှန်ကြားရေးမှူး ပါမောက္ခ ယူကီဟီရိုတာကာဟာရှီတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးဆပ်ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်တာတယ်လို့လည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ Myanmar Sat-1 ဂြိုလ်တုကို ကွန်ဒိုစနစ်ပုံစံမျိုး အခန်းတွေငှားရမ်း အသုံးပြုလျက်ရှိနေပြီး ကိုယ်ပိုင်ဂြိုဟ်တု တည်ဆောက်ရန်အတွက် ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းခန့်ရှိနိုင်ပါတယ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ Myanmar Sat-2 ဂြိုဟ်တုဝန်ဆောင်မှုတွေ စတင်ရရှိမှာဖြစ်ပြီး အဆိုပါ Myanmar Sat-2 ဂြိုလ်တုကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat Global Sales & Marketing Limited တို့က အချိုးကျ ပူးတွဲပိုင်ဆိုင်မှာဖြစ်ပါတယ်။