တိုးတက်မှုရှိပါတယ်။
Hmue Eain Zaw

၂၀၁၈ ခုနှစ် တတိယ လေးလပတ်အတွင်းမှာ မြန်မာနိုင်ငံက အမုန်းစကားပြောတဲ့ အကြောင်းအရာတွေရဲ့ ၆၄ ရာခိုင်နှုန်းကို ဖေ့စ်ဘွတ်ရဲ့ နည်းပညာလုပ်ဆောင်ချက်တွေနဲ့ စစ်ဆေးဖော်ထုတ်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ရဲ့ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။


Photo - Facebook Blog

ဖေ့စ်ဘွတ်ပေါ်မှာ ပြောဆိုနေတဲ့ အမုန်းစကားတွေကို လူတွေနဲ့စောင့်ကြည့်နေတဲ့အပြင် နည်းပညာတွေကိုပါသုံးပြီး ဖယ်ရှာမှုတွေပြုလုပ်နေတယ်လို့ သူကဆိုပါတယ်။ ဒီလို အမုန်းစကားတွေကို ရှာဖွေဖယ်ရှားဖို့ တစ်ကမ္ဘာလုံးမှာ ဝန်ထမ်း ၁၅၀၀၀ ကိုသီးသန့်ထားပြီးစောင့်ကြည့်နေတာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်မှာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုလို့ သတ်မှတ်ထားတဲ့ လူမျိုး၊ တိုင်းရင်းသား၊ မွေးဖွားရာနိုင်ငံ၊လိင်တိမ်းညွှန့်မှု၊ ကျားမခွဲခြားသတ်မှတ်မှုနဲ့ ဝေဒနာရှင် ဒါမှမဟုတ်မသန်စွမ်းတွေကို တိုက်ခိုက်ပြောဆိုတဲ့ အမုန်းစကားတွေကိုဖယ်ရှားနေပြီး ကြိုတင်စုံစမ်းဖော်ထုတ်မှုတွေက တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံမှာပိုပြီး အားရစရာကောင်းတယ်လို့ သူကပြောပါတယ်။

Photo: digitaltrends

ဖေ့စ်ဘွတ်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းလုပ်ဆောင်နေပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေလည်းအများကြီးလုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက်အလုပ်လုပ်ပေးမယ့်သူတွေကိုလည်း တိုးပြီးခန့်ထားတယ်လို့သိရပါတယ်။

ဖေ့စ်ဘွတ်ဟာ ၂၀၁၉ ခုနှစ်ပထမ ၄ လပတ်အတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမုန်းစကား ၄ သန်းလောက်ဖယ်ရှားနိုင်ခဲ့ပြီး အဲ့ဒီအထဲက ၆၅.၄ ရာခိုင်နှုန်းဟာ တစ်ယောက်ယောက်က သတင်းမပေးခင် ဖေ့စ်ဘွတ်ရဲ့ နည်းပညာက ဖယ်ရှားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


Author


က္က