လူဦးရေ ၅၄ သန်းကျော်သွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၁ မိနစ်ကို တစ်ယောက်နှုန်းလောက် တိုးနေတယ်လို့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ တွက်ချက်မှုတွေအရသိရပါတယ်။

Photo - Department of Population

ီတွက်ချက်မှုဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါအချက်အလက်တွေကို နိုင်ငံတကာက စံတွက်ချက်မှုစနစ်နဲ့ တွက်ချက်တာဖြစ်ပြီး ၂၀၁၄ ကနေ ၂၀၁၈ ခုနှစ်ကုန်အထိဆိုရင် လူဦးရေ ၃ သန်းလောက် တိုးလာတာဖြစ်ပါတယ်။



မန်နိုင်ငံရဲ့လူဦးရေဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာတော့ ၅၄ သန်းအထိရှိလာခဲ့တာဖြစ်ပြီး အလိုအလျောက်တွက်ချက်မှုအရ တွက်ချက်ထားတာဖြစ်ပါတယ်။ အလိုအလျောက်တွက်ချက်မှုမှာ တစ်မိနစ်တိုင်းမှာ ဝ.၉ ယောက်နှုန်းတိုးနေတာဖြစ်တဲ့တွက် တစ်မိနစ်ကို တစ်ယောက်နှုန်း တိုးပွားနေတာလည်း ဖြစ်ပါတယ်။

၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့သန်းခေါင်စာရင်းအချက်အလက်တွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေ ၅၁.၄သန်းရှိခဲ့ပြီး အမျိုးသားနဲ့ အမျိုးသမီးမှာ အမျိုးသားဦးရေက နည်းနေပါတယ်။

ကမ္ဘာ့လူဦးရေတွက်ချက်နိုင်တဲ့အလိုလျောက်စနစ်အရ မြန်မာနိုင်ငံရဲ့လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ဝ.၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်က လူဦးရေအများဆုံးနိုင်ငံရဲ့ အဆင့် ၂၆ မှာရှိပါတယ်။ လူဦးရေရဲ့ ၃၇.၃ ရာခိုင်နှုန်းက မြို့ပြမှာနေကြပြီး ပျမ်းမျ အသက်ကတော့ ၂၇.၉ နှစ်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က