မုန်တိုင်းငယ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းကိုဝင်ရောက်မှာပါ။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့သွားပြီဖြစ်ပေမယ့် မြန်မာနိုင်ငံတဝှမ်းမိုးဆက်လက်ပြီးရွာသွန်းနိုင်သေးတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနရဲ့ ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းထုတ်ပြန်တဲ့သတင်းအရသိရပါတယ်



Photo - Tun Lwin FB

မုန်တိုင်းငယ်ရဲ့ဗဟိုချက်ဟာ ဘင်္ဂလားပင်လယ်အော်အရှေှ့အလယ်ပိုင်းကိုရောက်ရှိနေပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ရှိရာ မြောက်အရှေ့ယွန်ယွန်းသို့ ဆက်လက်ရွေ့လျှားနေပြီး ဗဟိုချက်အနီးလေတိုက်နှုန်းမှာ 30-34 mph ခန့်ရှိနေပါတယ်။

မုန်တိုင်းငယ်ဟာ တဖြည်းဖြည်းအားလျော့ကျလာပြီး နောက်(၁၂)နာရီအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်တယ်လို့သိရပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာ (၃)ရက် ကနေ (၄)ရက်အထိမိုးဆက်လက်ရွာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တွေမှာ (၁)ရက်ကနေ (၂)ရက်အထိမိုးရွာနိုင်ပါသေးတယ်။

Photo - Tun Lwin FB

ရန်ကုန်က တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင် မှာ လှိုင်းအမြင့်က ၄ ပေကနေ ၇ ပေအထိရှိနိုင်ပြီး ရန်ကုန်ကနေ ရခိုင်ကမ်းရိုးတမ်းတလျောက်မှာတော့ လှိုင်းအမြင့်ပေ ၄ ပေကနေ ၈ ပေအထိရှိနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က