လူငယ်တွေဟာ အသက် ၁၄ နှစ်မတိုင်ခင် အရက်စတင်သောက်သုံးနေကြတာပါ။

မြန်မာနိုင်ငံရှိ ဆက်ကျော်သက် လူငယ်ဆယ်ဦးအနက် တစ်ဦးမှာ အထီးကျန်ခံစားနေရပြီး ၁၀ နှစ်အတွင်း လူငယ်တွေဟာ ကိုယ်လက်လှုပ်ရှားမှု အားနည်းလာတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က Myanmar Global School Health Survey စစ်တမ်းကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ်။


Photo - Myanmar State Councellor Office



ွန်လ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးအဆင်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ တက်ရောက်မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အရက်သောက်သုံးခြင်းကလည်း ၁၀ နှစ်အတွင်းမှာ လူငယ်ဦးရေရဲ့ တစ်ဝက်ခန့်မှာ အသက် ၁၄ နှစ်မတိုင်ခင် အရက် စတင်သောက်သုံးလာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လူငယ် ခြောက်ဦးအနက် တစ်ဦးမှာ Video ကြည့်ခြင်း၊ဂိမ်းကစားခြင်းစတဲ့ Screen Time အသုံးပြုချိန်ပိုများလာပြီး ဆေးလိပ်သောက်သုံးနှုန်း၊ကွမ်းယာစားသုံးမှုနှုန်းတွေက ၁၀ နှစ်အတွင်း ပိုမိုများပြားလာခဲ့တာကို တွေ့ရတယ်လို့ MGSH စစ်တမ်းအရ သိရပါတယ်။

၀၁၆ ၊ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ MGSH စစ်တမ်းအရ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေမှာ အာဟာရချို့တဲ့မှုနှုန်း ၁၈ ရာခိုင်နှုန်း၊ ကိုယ်အလေးချိန်များလွန်းခြင်းနဲ့ အဝလွန်ခြင်း ၁၀ ရာခိုင်နှုန်းတွေ့ရှိပြီး အဝလွန်ခြင်း၊ သွေးတိုး၊ဆီးချိုနဲ့ အခြားရောဂါတွေ ဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အကြား လူငယ်တွေမှာ ၁၈ ရာခိုင်နှုန်းကျော်က ပိန်လှီနေပြီး ၅ ရာခိုင်နှုန်းကျော်က ကိုယ်အလေးချိန်များပြားနေတယ်လို့သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အခြေခံပညာကျောင်းတွေ အကောင်အထည်ဖော်နေပေမယ့် အခြေခံပညာကျောင်းတွေရဲ့ ၄၂ ရာခိုင်နှုန်းလောက်သာ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်တွေကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေမှအရ ကျောင်းနှင့်တက္ကသိုလ်တွေမှာ ဆေးလိပ် သောက်ခွင့် မရှိသည့်အပြင် ကျောင်းပရဝုဏ် ပေ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ၊ အသက်၁၈နှစ် မပြည့်သေးတဲ့သူကို ဆေးလိပ် ရောင်းချတာမျိုးမလုပ်ဖို့ ပါရှိပေမယ့် လက်ရှိအချိန်မှာ အရေးယူမှုအပိုင်းအားနည်းနေသေးတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အောက် ဆယ်ကျော်သက် အရေအတွက် ၁၄ ဒဿမ ၄ သန်းရှိနေပြီး ၁၅ နှစ်မှ ၁၄ နှစ်ကြား လူငယ်ဦးရေ ၉ သန်းရှိနေတာကြောင့် တစ်နိုင်ငံလုံးက လူဦးရေရဲ့ ၄၆ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က