လက်ရှိအချိန်ထိလည်းကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရဆဲပါ။

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံစတဲ့ မြို့တွေမှာတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများလိုအပ်လျှက်ရှိနေပြီး မုတ္တမမြို့ သဲဖြူကုန်းတောင်ပြိုကျမှုကြောင့်လည်း သေဆုံးသူ (၅၀)ဦးအထက်မှာရှိနေတယ်လို့ သိရပါတယ်။

photo-Khant Lin Aung ( သဲဖြူကုန်းတောင်ပြိုကျမှုအခြေအနေ)

ဒီကနေ့ သြဂုတ်လ(၉)ရက်မှာတော့ မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လျှက်ရှိနေပါတယ်။ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံစတဲ့ မြို့တွေမှာတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောက်ရွက်ပေးနေရပြီး မုတ္တမမြို့ဆေးရုံက လူနာတွေကိုပါအရေးပေါ်ပြောင်းရွှေ့ထားရတာပါ။

photo-Kyaw Htay Win (မုတ္တမဆေးရုံ ရေကြီးမှုအခြေအနေ)

ရေကြီးရေလျှံမှုတွေအပြင် မိုးကအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်တာကြောင့် မြေပြိုမှုတွေ၊ ကားလမ်းဖြတ်တောက်မှုတွေလည်းရှိနေပါတယ်။ မုတ္တမမြို့ သဲဖြူကုန်းတောင်ပြိုကျမှုကြောင့် ကားလမ်းပိတ်လျှက်ရှိကာ ရေကြီးနေလို့ ဖြတ်သန်းမရဘဲ စောင့်နေတဲ့ ကားများနဲ့ အနီးနားရှိနေအိမ်များ မြေပိခဲ့တာပါ။ ဒီတောင်ပြိုမှုမှာဆိုရင် လက်ရှိမှာ သေဆုံးသူဦးရေ (၅၀)ဦးအထက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေရဆဲပါ။ တချို့နေရာတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေတောင်ဝင်လို့မရတာကြောင့် ပိတ်မိနေတဲ့သူတွေရှိနေကာ ကယ်ဆယ်ရေးအဖွဲ့တွေကလည်းလမ်းကြောင်းမနည်းရှာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

photo-Bo Win ( မော်လမြိုင်မြို့ရေကြီးနေမှုမြင်ကွင်း)

"အခုလက်ရှိဖြစ်နေတာက နေရာအနှံ့အပြားကရေတွေနဲ့ ပြည့်နေတော့ ကယ်ဆယ်ရေးတွေတောင် လမ်းကြောင်းမနည်းရှာပြီးထွက်နေရတယ်။ မိုးကလည်းခုထိရွာနေတုန်း။ ဒီလိုသာဆက်ရွာနေရင် ရေကဘယ်လိုမှကျမှာမဟုတ်ဘူး “လို့ ဒီကနေ့ မနက်(၁၁)နာရီလောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့ မွန်ပြည်နယ် သြဝါဒစရိယဆရာတော် ဦးပဏ္ဍိတ က Duwun ကိုပြောပါတယ်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမှာလည်း ကားလမ်းပြန်တောက်မှုဖြစ်ပေါ်နေပြီး၊ ကျိုက်မရော ခုနှစ်ခွေတောင်(မုဒုံ)ဘက်ခြမ်း ကားလမ်းမှာလည်း မြေပြိုမှုတွေဖြစ်ပေါ်နေတာပါ။ သံဖြူဇရပ်နဲ့ ရေးကြားကားလမ်းမှာလည်း ကားလမ်းပြတ်တောက်မှု ဖြစ်ပေါ်နေပါတယ်။

photo-Lucky Lucky Man (သံဖြူဇရပ်- ရေး ကားလမ်းမ ပြတ်တောက်မှုအခြေအနေ)

လက်ရှိမှာတော့ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံစတဲ့ မြို့တွေမှာတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးတွေလိုအပ်လျှက်ရှိနေတယ်လို့လည်း ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ အကူအညီတောင်းခံမှုတွေလည်းရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က