အခွင့်အရေးဆိုတာ ဘာမှန်းမသိတော့ အခွင့်အလမ်းရရှိမှုတွေနည်းနေပါတယ်။
မသန်စွမ်းတွေအားလုံးအတွက် အခွင့်အရေးတွေရရှိဖို့ မသန်စွမ်းဥပဒေကို ကောင်းကောင်းသိထားပြီး အကောင်အထည်တွေဖော်ဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းကရေးဆွဲခဲ့တဲ့ မသန်စွမ်းအခွင့်အရေးဆိုင်ရာဥပဒေထွက်ရှိထားပေမယ့် ခေတ်ကာလအရ တစ်ချို့အချက်အလက်တွေကိုပြုပြင်ပြောင်းလဲဖို့လိုအပ်နေပြီး ဥပဒေပါ အခွင့်အရေးဆိုတာလည်း ဘာမှန်းမသိဖြစ်နေတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌကပြောပါတယ်။

“ မသန်စွမ်းအခွင့်အရေးဥပဒေမှာ ပါရှိတဲ့အချက်တွေက အဖွဲ့အစည်းတိုင်းလည်းမသိဘူး။ တိုင်းဒေသကြီးပြည်နယ်အစိုးရတိုင်းကလည်းမသိဘူး။ ကျွန်တော်တို့မသန်စွမ်းတွေကိုယ်တိုင်လည်း မသိဘူး” လို့ ဇွန်လ(၂၀)ရက်နေ့က ပြုလုပ်တဲ့ Global IT Challenge မှာမသန်စွမ်းတွေအနေနဲ့ နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မယ့် ပဏာမလူရွေးချယ်မှာ ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဌ ဦးမြတ်သူဝင်းက Duwun ကို ပြောပါတယ်။




မသန်စွမ်းလူငယ်တွေအတွက် အခွင့်အလမ်းတွေအရမ်းနည်းနေပြီး အခွင့်အရေးတွေမရရှိဘူးဖြစ်နေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း မသန်စွမ်းတွေထဲကမှ ထူးချွန်တဲ့သူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ဆရာဝန်တွေ၊ နိုင်ငံခြားမှာ ဘွဲ့ရတဲ့သူတွေလည်းရှိပေမယ့် သူ့အနေနဲ့အားမရဘူးလို့ ဦးမြတ်သူဝင်းကပြောပါတယ်။

ဒါကလည်း မသန်စွမ်းတွေကိုယ်တိုင်ကြိုးစားအားထုတ်မှုနဲ့ဖြစ်လာပြီး မသန်စွမ်းတွေအားလုံးအတွက် အခွင့်အရေး ၊အခွင့်အလမ်းတွေရရှိဖို့ အဖွဲ့အစည်းတွေ၊ နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးပြည်နယ်အစိုးရတွေကော၊ အရပ်ဖက် အဖွဲ့အစည်းတွေအားလုံးက မသန်စွမ်းဥပဒေကို ကောင်းကောင်းသိထားပြီး အကောင်အထည်တွေဖော်ဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က