အသက်(၂၀)ဝန်းကျင် မိန်းကလေးတစ်ဦးသေဆုံးခဲ့တာပါ။
Ei Ei Htun

ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ မန္တလေး- ပြင်ဦးလွင်အတက်လမ်း မိုင်တိုင်(၁၅/၃) မိုင်ဟာ ကွေ့ကြီးသလို ယာဉ်မတော်တဆမှု မကြာခဏဖြစ်တဲ့နေရာလို့ သိရပါတယ်။ 

မန္တလေး- ပြင်ဦးလွင်အတက်လမ်း မိုင်တိုင်(၁၅/၃) မိုင်မှာ ဒီကနေ့ နိုဝင်ဘာ(၂၇)ရက်နေ့ မနက် (၃)နာရီဝန်ကျင်လောက်က အိမ်စီးကားငယ်တစ်စီးတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ (၅)ဦးမှာ တစ်ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ သူတစ်ဦးဟာ အသက်(၂၀)ဝန်းကျင် မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး မန္တလေးက ဖြစ်တယ်လို့သိရပါတယ်။

photo-စေတနာမွန်လူမှုကူညီရေးအသင်း

“ ကားကတော့ မန္တလေးကလို့သိရတယ်။ ပြင်ဦးလွင်ကိုတက်မယ်လို့တော့ထင်တယ်။ ကျွန်တော်တို့ရောက်သွားတော့ ကားပေါ်ပါလာတဲ့ လူတွေထဲက (၄)ဦးကို အနီးနားပတ်ဝန်းကျင်ကလူတွေကူပြီးတော့ ကားအပြင်ကိုထုတ်ထားပြီ။ နောက်ခန်းကထိုင်တဲ့ မိန်းကလေးတစ်ဦးကတော့ ဆုံးသွားတယ်။ ကျွန်တော်တို့သိသလောက်တော့ အခုမတော်တဆဖြစ်တဲ့နေရာက ကွေ့လည်းကြီးတော့ နည်းနည်းအန္တရာယ်များတယ်။ လမ်းကြောင်းမကျွမ်းကျင်ရင်လည်းဖြစ်တက်တယ်။ အဲဒီနေရာက မကြာခဏဖြစ်နေတဲ့နေရာ။ ယာဉ်မောင်းလည်းအိပ်ငိုက်ချင်အိပ်ငိုက်မှာပေါ့” လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီပေးခဲ့တဲ့ စေတနာမွန်လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးအောင်သူက Duwun ကိုပြောပါတယ်။

အဆိုပါ တိမ်းမှောက်ခဲ့တဲ့ယာဉ်ပေါ်မှာတော့ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ၊ နောက်ထပ်အမျိုးသမီးတစ်ဦးက ကျိုးပဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးက ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဦးအောင်သူကပြောပါတယ်။ ဒဏ်ရာရရှိတဲ့ သူတွေက မန္တလေးဆေးရုံမှာဆေးကုသမှုခံယူနေပြီး ရဲဘက်ဆိုင်ရာကလည်း ယာဉ်မောင်းကို အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။


က္က