ကန်တော်နဒီဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြည့်ရာကနေ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေ့ည (၈) နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၆) ဦး စာရင်းမှာ မန္တလေးမြို့မှတစ်ဦးပါဝင်ခဲ့ပါတယ်။ 

ပိုးတွေ့လူနာ(၅၈၇)မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ၊ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှ ရဲအရာရှိအတတ်သင်ကျောင်းမှာ စခန်းမှူးသင်တန်းလာတက်နေတဲ့ ရဲအုပ်တစ်ဦးဖြစ်တယ်လို့ ရဲအရာရှိအတတ်သင်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုအတည်ပြုပြောကြားပါတယ်။ အဆိုပါ ရဲအရာရှိမှာ ပြည်ပခရီးသွားရာဇဝင်မရှိသလို၊ ပိုးတွေ့လူနာတွေနဲ့လည်းထိတွေ့ထားခြင်းမရှိဘဲ စစ်တွေမြို့က ရောက်ရှိလာသူဖြစ်တဲ့အတွက် ကန်တော်နဒီဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြည့်ရာကနေ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ 



လက်ရှိအချိန်မှာတော့ လူနာကို ကန်တော်နဒီအထူးသီးသန့်ကုသဆောင်ကိုပို့ဆောင်ပြီးကုသမှုခံယူစေမယ်လို့သိရပါတယ်။ မန္တလေးရဲအရာရှိအတတ်သင်ကျောင်းကို ရခိုင်ပြည်နယ်က ရဲအုပ်(၇)ဦးတက်ရောက်နေပြီး ကျန်အရာရှိတွေကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့သိရပါတယ်။ 

သြဂုတ်လ ၂၇ရက်နေ့ည(၈)နာရီသတင်းထုတ်ပြန်ချက်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၆)ဦး တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့က(၇)ဦး၊ မန္တလေးက(၁)ဦးနဲ့ ရန်ကုန်က (၈)ဦးပါဝင်ပါတယ်။ မန္တလေးမှာ နောက်ဆုံးတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉လူနာက လူနာအမှတ်(၃၃၈) ဖြစ်ပြီး ပြင်ဦးလွင်မြို့ကဖြစ်ကာ ပြန်လည်ပျောက်ကင်းသွားတာ နှစ်လကျော်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က