loading...

loading...

loading...

မတ်လ ၁၉ ရက်ကစပြီး ပိတ်သိမ်းမှာပါ
Mi Thawdar Aung

မန္တလေးခရိုင်အတွင်းဖွင့်လှစ်ထားတဲ့ စင်တင်တေးဂီတဆိုင်တွေ၊ ကေတီဗွီတွေ၊ ဘားတွေနဲ့ နိုက်ကလပ်တွေကို ဒီနေ့ မတ်လ ၁၉ ရက်ကစပြီး ပိတ်သိမ်းထားခိုင်းလိုက်ပြီလို့ မန္တလေးတိုင်းအစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။

“ ပိတ်ဖို့ ပြောပြီးပါပြီ။ ဒီနေ့ညလောက်ဆို ပိတ်ရတော့မှာပါ။ ပိတ်ရမှာပေါ့လို့” လို့ ဦးဇာနည်အောင်က ဆိုပါတယ်။

မန္တလေးတိုင်းလွှတ်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ပုံမှန်အစည်းအဝေးအပြီး သတင်းမီဒီယာနဲ့ တရားဝင်တွေ့ဆုံပြောသွားခဲ့တာပါ။

ဒါဟာ တိုင်းဒေသကြီးအစိုးရအနေနဲ့ တရားဝင်ညွှန်ကြားစာ ထုတ်ပြန်တာမျိုး ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းရာမှာ အစိုးရအနေနဲ့ ကမ္ဘာက ဒီဗိုင်းရပ်စ် ထိန်းချုပ်နိုင်ခြင်းမရှိသေးသရွေ့ ဘယ်လို လူစုလူဝေးမှ မလုပ်ရဘူး။ ဒါကို ကျွန်တော်တို့အစိုးရက စီမံခန့်ခွဲထိန်းကျောင်းသွားမှာပဲဖြစ်တယ်လို့လည်း ခေတ္တဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ COVID-19 ရောဂါပြဿနာနဲ့ပတ်သက်လို့ အစိုးရက ပြည်တွင်းမှာ ရောဂါပိုးသူမရှိသေးဘူးလို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပေမယ့်လည်း မတ်လ ၁၃ ရက်မှာ နိုင်ငံတော်သမ္မတရုံးက သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်အခမ်းအနား တွေကို ဧပြီလကုန်တဲ့အထိ ကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီကနေ့မှာတော့ မန္တလေးခရိုင်အတွင်းမှာဖွင့်လှစ်ထားတဲ့ စင်တီတေးဂီတဆိုင်တွေ ကေတီဗီတွေ ဘားတွေနဲ့နိုက်ကလပ်တွေကို ပိတ်သိမ်းဖို့ ညွှန်ကြားလိုက်ပြီဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်က ပြောလိုက်တာပါ။

COVID-19 ရောဂါဂယက်ကြောင့် ရန်ကုန်မြို့မှာဆိုရင်လည်း စားသောက်ဆိုင်အချို့၊ ဘားအချို့နဲ့ KTV ဆိုင် အချို့တွေ ပိတ်သိမ်းလာတွေကိုလည်း တွေ့ရပြီး ကုမ္ပဏီအများစုကလည်း အိမ်ကနေအလုပ်လုပ်ကျတဲ့ စနစ်တွေကို အခုရက်ပိုင်းအတွင်း ကျင့်သုံးလာကြတာလည်းဖြစ်ပါတယ်။



loading...

က္က