COVID-19အတည်ပြုလူနာနံပါတ်(၄) က အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကိုကျော်လင်းထက် ဆိုသူဖြစ်ပါတယ်။

နိုင်ငံခြားသားရောက်ရှိနေထိုင်မှုသတင်းပေးပို့ရန် ပျက်ကွက်ခဲ့တဲ့ မန္တလေးမြို့က COVID-19 အတည်ပြုလူနာနံပါတ်(၄) ရဲ့ဇနီးဖြစ်သူကို လဝကအက်နဲ့ တရားစွဲပြီးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

"ဥပဒေအရက နိုင်ငံခြားသားဝင်ရင် သတင်းပို့ရမယ်လို့ရှိတာကို သတင်းမပို့ခဲ့မှုနဲ့ အိမ်ရှင်ကို လဝကကတရားစွဲတာပါ ထောင်ဒဏ်နဲ့ငွေဒဏ်မှာ သူက ငွေဒဏ်ဆောင်ခဲ့ပါတယ်" လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှဦးမြင့်အောင်မိုးကပြောပါတယ်။



COVID-19အတည်ပြုလူနာနံပါတ်(၄) က အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကိုကျော်လင်းထက် ဆိုသူဖြစ်ပြီး ၎င်းဟာမြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က လူမှုရေးဗီဇာနဲ့ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် ဝင်ရောက်ခဲ့တာဖြစ်ပြီးမန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာက ဇနီးဖြစ်သူဒေါ်သိင်္ဂီအေးစိုး ဆီလာရောက်ခဲ့တာပါ။

၎င်းဟာ ၎င်းမိသားစုနဲ့အတူနေအိမ်တိုက်ခန်းမှာ အတူနေထိုင်ခဲ့ပေမယ့်လည်း သက်ဆိုင်ရာမြို့နယ်လဝကရုံးမှာ နိုင်ငံခြားသားရောက်ရှိနေထိုင်မှုပုံစံ C သတင်းပေးပို့တိုင်ကြားဖို့ ပျက်ကွက်ခဲ့တာကြောင့်ဇနီးဖြစ်သူကို ဧပြီလ ၂၄ ရက်နေ့က ချမ်းမြသာစည်တရားရုံးဆတရားစွဲဆိုတင်ပို့ခဲ့တာဖြစ်တယ်လို့လည်း ဦးမြင့်အောင်မိုးကပြောပါတယ်။

၎င်းကို နိုင်ငံခြားသားရောက်ရှိနေမှု form c တိုင်ဖို့ပျက်ကွက်လို့ လဝကအက် ၅(၁)နဲ့ တရားစွဲတာမှာချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရာကြီးအမှတ်(၄၃၂/၂၀၂၀)နဲ့အမှုလက်ခံစစ်ဆေးခဲ့ရာမှာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်လို့တရားရုံးက ငွေဒဏ် ၅ သိန်းကျပ်ပေးဆောင်ဖို့နဲ့

ငွေဒဏ်မဆောင်ရင် ထောင်ဒဏ် ၆ လ ကျခံစေဖို့အမိန့်ချမှတ်ခဲ့တာပါ။ ဒီပြစ်ဒဏ်နှစ်ခုအပေါ်ဒေါ်သိင်္ဂီအေးစိုးက ငွေဒဏ်ပေးဆောင်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ လူနာဟာရောဂါပျောက်ကင်းလို့နေအိမ်မှာပဲသူ့မိသားစုနဲ့အတူနေထိုင်နေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က