loading...

loading...

loading...

ဓာတ်ခွဲခန်းအဖြေတွေကိုတော့ စစ်ဆေးထားဆဲဖြစ်ပါတယ်။
Mi Thawdar Aung

COVID-19 ရောဂါသံသယလက္ခဏာ တွေ့ရှိတာကြောင့် စောင့်ကြည့်ကုသနေတဲ့ မန္တလေးမြို့က အမျိုးသမီး အပါအဝင် လူနာ (၃) ဦးသေဆုံးသွားခဲ့ပြီး အဆိုပါ လူနာများရဲ့ ဓာတ်ခွဲခန်းအဖြေတွေကိုတော့ စစ်ဆေးထားဆဲဖြစ်ပါတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၆ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။


ရှမ်းပြည်နယ် ရပ်စောက်မြို့က အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရခိုင်ပြည်နယ် စစ်တွေ မြို့က အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးနဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကြပြီး COVID-19 သံသယလက္ခဏာအပြင် အခြားရောဂါတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ (၁) 

မန္တလေးမြို့ကန်တော်နဒီဆေးရုံ

ရှမ်းပြည်နယ် ရပ်စောက်မြို့က အမျိုးသားမှာ ဖေဖော်ဝါရီ (၂၃) ရက်စပြီးဖျားနာ၊မောပန်းခြင်းနဲ့ ချောင်းဆိုးသွေးပါလက္ခဏာတွေဖြစ်ခဲ့တာကြောင့် ပုဂ္ဂိလိကဆေးရုံတစ်ခုကနေ အစိုးရဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။

လူနာမှာ COVID-19 ရောဂါကူးစက်နေတဲ့နိုင်ငံတွေကို ခရီးသွားရာဇဝင်မရှိခဲ့ပေမယ့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် စောင့်ကြည့်လူနာအဖြစ် ကုသပေးခဲ့ရာမှာ အခြေအနေပိုမိုဆိုးရွားခဲ့တာကြောင့် ဒီနေ့ မတ်လ ၆ ရက် ညနေပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားသူရဲ့ ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကိုပေးပို့စစ်ဆေးထားတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ (၂) 

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်တဲ့ အသက် (၄၀) အရွယ် အမျိုးသားကတော့ မတ်လ (၅) ရက်က တရုတ်ပြည် ရွှေလီမြို့ကနေ မန္တလေးမြို့ကို သွားစဉ် လမ်းမှာတင် အသက်ရှုကြပ်မောလာတာကြောင့် လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

လူနာမှာ ဆီးချိုရောဂါခံစားနေရပြီး ဖျားနာချောင်းဆိုးခြင်း ဝေဒနာတွေကို လွန်ခဲ့တဲ့ (၁) လခွဲလောက်ကတည်းက ခံစားခဲ့ရာမှာ ရောဂါပိုမိုဆိုးရွားလာတာကြောင့် မတ်လ (၅) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

အဲဒီလူနာ ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကိုပေးပို့စစ်ဆေးထားတယ်လို့ သိရပါတယ်။

သေဆုံးသူ (၃) 

ဒါ့အပြင် မတ်လ ၅ ရက်နေ့က ပဲ မန္တလေးကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အဆိုပါ အမျိုးသမီးရဲ့ ဓာတ်ခွဲအဖြေကို အခုချိန်ထိမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးဟာ အသက် (၆၈) နှစ်အရွယ်ရှိပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးခဲ့ကြောင်း လတ်တလောထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။






loading...

က္က