loading...

loading...

loading...

တိုင်းဒေသကြီးအစိုးရက တင်ပြတောင်းဆိုထားတာပါ။
Mi Thawdar Aung

COVID-19 ရောဂါပိုးစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတစ်ခု မန္တလေးမြို့မှာ ထားရှိဖို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုး ရက ပြည်ထောင်စုအစိုးရဆီတင်ပြတောင်းဆိုထားတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါ တယ်။

Covid- 19 သံသယလူနာများအား သီးသန့်စောင့်ကြည့်ကုသပေးလျက်ရှိသည်

ကန်တော်နဒီဆေးရုံအား တွေ့ရစဉ်

“ တိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့ ပြည်ထောင်စုဝန်ကြီးဌာနကို မန္တလေးမှာလည်းပဲ NHL တစ်ခုထားရှိပြီး Covid-19 ကိုစစ်ဆေးနိုင်တဲ့ အဆင့်အထိအောင်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းမေတ္တာရပ်ခံထားဆဲဖြစ်တယ်၊ သူတို့လည်း ဆောင်ရွက်ပေးလိမ့်မယ်လို့ယုံကြည်ပါတယ် “ လို့ ဦးဇာနည်အောင်က ဆိုပါတယ်။

 မန္တလေးတိုင်းလွှွတ်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ပုံမှန်အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်ပြောသွားတာပါ။

Coronavirus Disease 2019(Covid-19) ဗိုင်းရပ်စ်ရောဂါပိုးစစ်တဲ့ဌာနက မြန်မာတစ်နိုင်ငံလုံးမှာ အမျိုးသားကျန်းမာရေးဓာတ် ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တစ်ခုထဲပဲရှိနေတာကြောင့် မန္တလေးမြို့မှာပါရှိသွားတဲ့အခါမှာ မန္တလေးမြို့ကလူနာတွေသာမကဘဲ အထက်မြန်မာ ပြည်တစ်ခုလုံးအတွက်ပါ အဆင်ပြေသွားစေမှာဖြစ်လို့ တောင်းဆိုရတာဖြစ်တယ်လို့သိရပါတယ်။

 “ မန္တလေးမှာတင်မကပါဘူး။ အထက်မြန်မာပြည်တစ်ခုလုံးအတွက် လျင်လျင်မြန်မြန်ပေါ့ဗျာ ။ ရှိတာမရှိတာကိုအလျင်အမြန်အတည်ပြုပေးနိုင်မယ်ပေါ့ဗျာ။ ကျွန်တော်တို့က အဲဒါကိုရန်ကုန်အထိအောင် တစ်ခါတစ်လေ လေယာဉ်နဲ့ တစ်ခါတစ်လေ ကားနဲ့သွားနေကြရတယ် ကိုယ့်ဆီမှာကိုယ်ဆိုရင် ပိုမြန်တာပေါ့။ မြန်မြန်အတည်ပြုနိုင်တာပေါ့ဗျာ။ ဒါလေးကိုကျွန်တော်တို့ကြိုးစားနေပါတယ် လို့လည်း ခေတ္တဝန် ကြီးချုပ်ကပြောပါတယ်။ 

လက်ရှိမှာတော့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်က Covid-19 သံသယလူနာတွေကို ကန်တော်နဒီဆေးရုံမှာပဲ စောင့်ကြည့်လူနာအဖြစ်ဆေးကုသမှုပေးနေရပြီး ဒီကနေ့အထိ သံသယနဲ့စောင့်ကြည့်လူနာ ၃၁ ဦးရှိပြီး နှစ်ဦးသေဆုံးတယ်လို့သိရပါတယ်။

အဲဒိသေဆုံးသူနှစ်ဦးက Covid-19 ရောဂါကြောင့်မဟုတ်ဘဲ တစ်ခြားရောဂါတွေနဲ့သေဆုံးတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။

တစ်နိုင်ငံလုံးမှာတော့ ဇန်နဝါရီလကုန်ပိုင်းကနေ ဒီကနေ့မတ်လ ၁၉ ရက်နေ့အထိ သံသယလူနာနှစ်ဦးအပါအဝင် စောင့်ကြည့်လူနာ ၁၄၄ ဦးရှိကြောင်း၊ ဓာတ်ခွဲအဖြေအရ လူနာ ၁၃၅ ဦးမှာရောဂါပိုးမတွေ့ရ ကြောင်း၊ ဓာတ်ခွဲနမူနာရဖို့စောင့်နေတာနဲ့ပေးပို့ဆဲလူနာ ၉ ဦးရှိကြောင်း၊ ဒီကနေ့အထိ ရောဂါပိုးစစ်ဆေး တွေ့ရှိသူတစ်ဦးတစ်ယောက်မှမရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။



ဆက်စပ်အကြောင်းအရာများ


loading...

က္က