ကန်တော်နဒီဆေးရုံက လူနာပြည့်သွားပြီဖြစ်ပါတယ်။

မန္တလေးမှာ ကိုဗစ်အတည်ပြုလူနာတွေ တစ်နေ့ထက်တစ်နေ့တွေ့ရှိမှုနှုန်းမြင့်တက်လာတာကြောင့် အတည်ပြုလူနာတွေကိုထားရှိကုသပေးမယ့်ဆေးရုံတစ်ခု ဒီကနေ့မနက်ပိုင်းမှာ ထပ်တိုးချဲ့လိုက်ရပါတယ်။

အရင်ကပုံမှန်အသုံးပြုနေတဲ့ လူနာ ၅၀ လောက်သာဆံ့တဲ့ ၆၂ လမ်းပေါ်က ကန်တော်နဒီဆေးရုံက အခုအခါမှာ ဆေးရုံပြည့်သွားပြီဖြစ်တာကြောင့်လည်း အဲဒီဆေးရုံနဲ့မလှမ်းမကမ်းမှာရှိတဲ့ ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံကို အတည်ပြုလူနာတွေထားရှိကုသပေးသွားဖို့ပြင်ဆင်တိုးချဲ့လိုက်တာဖြစ် တယ်လို့သိရပါတယ်။



လက်ရှိမှာတော့ ကန်တော်နဒီဆေးရုံမှာ အတည်ပြုလူနာ ၅၄ ဦးရှိနေပြီး ဒါဟာ ဆေးရုံရဲ့ဝင်ဆံ့ဦးရေပြည့်ပြီဖြစ်တာကြောင့် ကုတင် ၃၀၀ ဆံ့ဆေးရုံကို အသင့်ပြင်ထားတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ် စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင်ကပြောပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ကနေပြန်စခဲ့ တဲ့ ပြည်တွင်းကိုရိုနာဗိုင်းရပ်စ်တကျော့ပြန်ကူးစက်ဖြစ်ပွားမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့မနက် ၈ နာရီအထိ အတည်ပြုလူနာ ၁၁၄ ဦးအထိရှိနေပြီး ဒါဟာ ရောဂါဖြစ်ပွားမှုတတိယအများဆုံးတိုင်းဒေသကြီးနေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ နိုင်ငံအတွင်း ပိုးတွေ့ရှိမှု လူနာအရေအတွက် များပြားလာတဲ့ အတွက် အတည်ပြုလူနာတွေကို ထားရှိကုသဆောင်ရွက်ပေးဖို့ ဆေးရုံအခက်အခဲတွေရှိလာကြပါတယ်။ 

ရန်ကုန်မှာလည်း လက်ရှိကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေမှာ လူနာတွေပြည့်တော့မှာ ဖြစ်လို့ ယာယီဆေးရုံအဖြစ်တည်ဆောက်မှုတွေရှိနေသလို ကွာရန်တင်းစင်တင်တွေကိုလည်း ဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက်မှုတွေရှိလာပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ(၁၆)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံး ကိုဗစ်အတည်ပြုလူနာ (၃၆၃၆)ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ (၈၃၂)ဦးရှိကာ သေဆုံးသူ(၃၅)ဦးရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က