သံသယလူနာအဖြစ်နဲ့ စစ်ဆေးကုသစဉ် ပိုးတွေ့ကြောင်းသိရပြီးနောက် သေဆုံးသွားတာ ဖြစ်ပါတယ်။

မန္တလေးမှာ မနေ့က ကိုဗစ်ပိုးတွေ့လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

"ဟုတ်ပါတယ် ညက ဆုံးသွားတာပါ၊ အသက်ရှစ်ဆယ်ကျော်အမျိုးသမီးကြီးပါ" လို့ မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက Duwun ကိုပြောပါတယ်။သေဆုံးသူအမျိုးသမီးကြီးက မနေ့က UAB ဘဏ်ကပိုးတွေ့လူနာအမျိုးသမီးရဲ့အဖွားဖြစ်တယ်လို့သိရပြီး မြေးဖြစ်သူရောဂါကူးစက်ခံရလို့ သံသယလူနာအဖြစ်နဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ စစ်ဆေးကုသစဉ် ပိုးတွေ့ကြောင်းသိရပြီးနောက် ည ၁၁နာရီခွဲအချိန်မှာ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။



လက်ရှိမှာတော့ သေဆုံးသူရဲ့နေအိမ်ရှိရာ မဟာအောင်မြေမြို့နယ် ၆၆ လမ်းနဲ့ ၃၆ လမ်းအနီးတစ်ဝိုက်ကို ပိုးသတ်ဆေးဖြန်းတာတွေလုပ်ဖို့စီစဉ်နေပြီး သေဆုံးသူရဲ့အလောင်းကိုတော့ မကြာခင်မှာပဲ အေးရိမ်ငြိမ်သုဿန်ဆီပို့ဆောင်မီးသဂြိုဟ်သွားဖို့ရှိတယ်လို့သိရပါတယ်။ပိုးတွေ့လူနာသေဆုံးဖြစ်စဉ်က မန္တလေးမှာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်သတင်းထုတ်ပြန်မှုအရ ပိုးတွေ့လူနာသေဆုံးမှု ၄၆ ဦးအထိရှိနေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က