ထိတွေ့ထားသူ (၁၂၁)ဦးစလုံး negativeဖြစ်ပါတယ်။
Ei Ei Htun

မန္တလေးက ရဲသင်တန်းကျောင်းမှာ လူနာအမှတ်(၅၈၇) နဲ့အတူ သင်တန်းတက်ခဲ့တဲ့ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းက သင်တန်းသား၊ နည်းပြဆရာတွေအပါအဝင် ရုံးဝန်ထမ်း ၁၂၁ ဦးရဲ့ ဆေးစစ်ချက်အဖြေက All Negative ဖြစ်တယ်လို့ သိရပါတယ်။

"ဟုတ်ကဲ့အဖြေထွက်ပါပြီ။ အကုန်လုံး Negative ပါရှင့်" လို့ မန္တလေးမြို့က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေ၀င့်ဝါက Duwunကိုပြောပါတယ်။

ပိုးတွေ့လူနာ(၅၈၇) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ၊ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းမှာ စခန်းမှူးသင်တန်းလာတက်နေတဲ့ ရဲအုပ်တစ်ဦးဖြစ်ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က အဆိုပါ ရဲတပ်သားမှာ ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

လူနာကိုတော့ အဲဒီနေ့မှာပဲ ကန်တော်နဒီဆေးရုံဆီပို့ထားလိုက်ပြီး သူနဲ့အတူ ရခိုင်ပြည်နယ်ကနေပါလာသူ ၆ ဥဦးကိုလည်းရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာမှာလည်း ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

ဒါ့အပြင် သင်တန်းကျောင်းက ထိတွေ့ထားသူအားလုံးကိုလည်း ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာလည်း အားလုံးမှာရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

လက်ရှိမှာတော့ သင်တန်းကျောင်းကို Lockdown ချထားဆဲဖြစ်ပြီး သင်တန်းကျောင်းအတွင်းကလူတွေကိုလည်း Quarantine ဆက်လက်ထားရှိထားတယ်လို့ သိရပါတယ်။




Author


က္က