မနေ့က ၅ဦး ထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။

ပထမဆုံး သေဆုံးတဲ့ စောင့်ကြည့်လူနာ ၇ဦးမှာ၄ဦးက COVID-19ရောဂါပိုးမရှိသလို နောက်ထပ် သေဆုံးသူ ၅ဦးထဲမှာလည်း ၂ဦးကရောဂါပိုးမရှိပဲ ကျန်သေဆုံးသူတွေရဲ့ ဓာတ်ခွဲအဖြေတွေကိုတော့ စောင့်နေဆဲလို့သိရပါ တယ်။

မန္တလေးက COVID-19 စောင့်ကြည့်လူနာ ၅ဦး ထပ်မံသေဆုံးသွားတဲ့သတင်းက မှန်ပါတယ်လို့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး ဒု-ဆေးရုံအုပ် ဒေါက်တာ ခင်ကျော်က Duwun ကို ပြောပါတယ်။



“ကျွန်တော်အနေနဲ့ အခြားတော့ မသိပေမယ့် နောက်ထပ် စောင့်ကြည့်လူနာ ၅ဦး သေဆုံးတဲ့သတင်းက တော့ မှန်ပါ တယ်။”လို့ ဒေါက်တာ ခင်ကျော်က ပြောပါတယ်။

မနေ့က ဧပြီလ ၂၅ရက်နေ့တုန်းကလည်း စောင့်ကြည့်လူနာ ၇ဦးသေဆုံးသွားခဲ့တယ်လို့ မန္တလေးပြည့်သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက်တာ စုစုဒွေးက Duwunကိုအတည်ပြုပြောခဲ့ပါသေးတယ်။

"သေဆုံးသွားကြသူတွေက ပြင်းထန်ရောဂါ အခံရှိကြသူတွေ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ဆေးရုံကို ရောက်ရှိလာကြတာပါ။ မနေ့က သေဆုံးသွားကြသူတွေထဲက ၄ ဦးရဲ့ အဖြေဟာ ရောဂါပိုးမတွေ့ရှိပါဘူး၊ လူနာ ၄ ဦးရဲ့ ဆေးစစ်ချက် အဖြေဟာ Negative ဖြစ်ပြီး ကျန်လူတွေရဲ့ ဆေးစစ်ချက် အဖြေတွေက စောင့်နေဆဲပါ " လို့ ဆေးရုံအုပ်ဒေါက်တာ စုစုဒွေးက မနေ့ကတုန်းက ပြောခဲ့ပါတယ်။

မန္တလေးမှာ စောင့်ကြည့်လူနာ ဧပြီလ ၂၅ရက်နေ့အထိ ၃၂၅ဦးရှိတယ်လို့သိရပြီး ရောဂါပိုးမရှိ ကြောင်းစစ်ဆေးတွေ့ရှိသူ ၁၈၃ယောက်ရှိတယ်လို့သိရပါတယ်။ ဧပြီလ ၂၆ ရက်နေ့နေ့လယ်အထိ မြန်မာနိုင်ငံရှိ အတည်ပြုလူနာ ၁၄၆ ဦီးမှာ မန္တလေးက အတည်ပြုလူနာ ၃ ဦး တွေ့ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က