မီးလောင်မှုအကြောင်းရင်းနဲ့ အိမ်ရှင်ဖြစ်သူကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ထဲက ဒီကနေ့နေ့လယ်ပိုင်းမီးလောင်မှုမှာ အနည်းဆုံးလူနေအိမ်ခြေ ၁၀ လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး မီးသတ် တပ်ကြပ်ကြီးတစ်ဦး ဦးခေါင်းနောက်စေ့ကွဲအက်ဒဏ်ရာရရှိမှုအပါအဝင် မီးသတ်ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ကတ္ထူရပ်၊ အကွက်အမှတ်(၃၄၂)၊ ၃၇ လမ်းနဲ့ ၃၈ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားကနေအိမ်တစ်အိမ်ကနေ ဒီကနေ့နေ့လယ် ၁ နာရီ ၂၅ မိနစ်အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ဒီမီးလောင်မှုကို Level 4 အဆင့်အထိနဲ့ကိုမီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြာချိန် မိနစ် ၃၀ ခန့်အတွင်း နေအိမ် ၁၀ လုံးခန့်ဆုံးရှုံးခဲ့ရပြီး အရန် မီးသတ်တပ်ကြပ်ကြီးတစ်ဦးနဲ့မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာပါ။



"အရန်တပ်ဖွဲ့ဝင်တပ်ကြပ်ကြီးတစ်ယောက်ထိခိုက်ဒဏ်ရာရတာပါ၊ ဥိးခေါင်းနောက်စေ့ကွဲတယ်၊ လတ်တလောအခြေအနေအရတော့ မစိုးရိမ်ရတဲ့ဒဏ်ရာပါ၊ မီးလောင်ဆုံးရှုံးမှုကတော့ အိမ် ၁၀ လုံးလောက်ရှိမယ်ထင်တယ် မီးလောင်မှုအကြောင်းရင်းစစ်ဆေးနေဆဲပါ" လို့ မီးသတ်ဦးစီးမှုးရုံးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါမီးလောင်မှုကို မီးသတ်သန္ဓေ ၁၂၀ ဦး၊ အရန် ၂၅၀ ဦး၊ မီးငြှိမ်းသတ်ယာဉ်အစီး ၅၀၊ ရေသယ်ယာဉ် ၂၅ စီးတို့နဲ့မီးငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁ နာရီ ၅၅ မိနစ်အချိန်ခန့်မှာ မီးငြိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုအကြောင်းရင်းနဲ့ အိမ်ရှင်ဖြစ်သူကိုတော့စုံစမ်းနေဆဲပဲဖြစ်ပြီး မဟာအောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်းမှာ မီးပေါ့ဆမှုနဲ့အမှုဖွင့်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ဒီကနေ့မီးလောင်တဲ့နေရာဆီကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်အင်အားငါးဆယ်ကျော်လာရောက်ကူညီပေးခဲ့ကြတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က