၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ယနေ့ သြဂုတ်လ ၉ရက်နေ့မှာ အွန်လိုင်းကနေတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ယနေ့ သြဂုတ်လ ၉ရက်နေ့မှာ အွန်လိုင်းစနစ်နဲ့ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး http://www.moe.gov.mm နဲ့ https://www.myanmarexam.org နဲ့ တို့မှာ ကြေညာထားပါတယ်။



၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း ၉၁၀,၂၂၉ ဦးရှိပြီး အောင်မြင်သူ စုစုပေါင်း ၂၉၁,၇၉၈ ဦးရှိတဲ့အတွက် အောင်ချက်ရာခိုင်နှုန်းက ၃၂.၀၆ ရာခိုင်နှုန်း ရှိပါတယ်။

အောင်မြင်သူထဲမှာ ဂုဏ်ထူးရသူပေါင်းက ၆၁,၃၇၅ ဦးရှိကာ ၆ ဘာသာဂုဏ်ထူးရှင် ၇၉၇ ဦးရှိပြီး မန္တလေးတိုင်းက ၆ ဘာသာဂုဏ်ထူးရှင် ၃၄၅ ဦးနဲ့ ၆ ဘာသာဂုဏ်ထူး အများဆုံးတိုင်းဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ - https://www.myanmarexam.org/

အောင်ချက်အရလည်း မန္တလေးတိုင်းက ၃၇.၅၁ ရာခိုင်နှုန်းနဲ့ အောင်ချက်အကောင်းဆုံး တိုင်းဖြစ်ကြောင်း အွန်လိုင်းအောင်စာရင်းပါ အချက်အလက်များအရအရသိရပါတယ်။

တစ်နိုင်ငံလုံးမှာ ၅ ဘာသာဂုဏ်ထူးရှင် ၁၈၃၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂၉၇၆ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၅၆၆၂ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်ပေါင်း ၁၂၉၅၇ ဦးနဲ့ ၁ ဘာသာဂုဏ်ထူးရှင် ၃၇၁၅၂ ဦး ထွက်ရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အောင်စာရင်းကို အခြေခံပညာဦးစီးဌာနရဲ့ အင်တာနက်စာမျက်နှာတွေမှာ ထုတ်ပြန်ပေးထားသလို ဝေးလံသောဒေသများရှိ စာစစ်ဌာနများနဲ့ အင်တာနက်အဆက်အသွယ် မရရှိသော စာစစ်ဌာနများရဲ့ အောင်စာရင်းများကိုမူ မြန်မာ့အသံရေဒီယိုအပါအဝင် SKY NET Education Channelတို့မှလည်း ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

အွန်လိုင်းစနစ်နဲ့ထုတ်ပြန်ကြေညာပြီးနောက်တစ်နေ့ သြဂုတ် ၁၀ ရက်နေ့မှာတော့ ယခင်နှစ်တွေအတိုင်း စာစစ်ဌာနရှိရာ ကျောင်းများမှာ အောင်စာရင်းများကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး ကိုဗစ်ကာလသတ်မှတ်စည်းကမ်းတွေနဲ့ အညီ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးအကြားအနည်းဆုံး ၆ ပေ ကွာခြားရမှာ ဖြစ်သလို နှာခေါင်းစည်းတွေကိုလည်း တပ်ဆင်လာရမှာ ဖြစ်ပြီး ကြည့်ရှုခွင့်ကိုတော့ နံနက် ၉နာရီမှ စတင်ကာ ညနေ ၄နာရီအထိသာ ခွင့်ပြုပေးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က