မှတ်ပုံတင်မရှိသူကို ရွေးကောက်ပွဲမတိုင်ခင်အပြီးလုပ်ပေးမှာပါ။

မန္တလေးတိုင်းအတွင်း အသက် ၁၈ နှစ်ပြည့်ပြီးပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရသေးသူတွေ ၁ သိန်း ၂ သောင်းကျော်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ မှတ်ပုံတင်မရှိသေးသူတွေကို ရွေးကောက်ပွဲမတိုင်ခင် အပြီးလုပ်ပေးဖို့ ဆောင်ရွက်နေပြီး နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့လည်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က Duwun ကို ပြောပါတယ်။ 



“ ဒီဟာတွေကို ကျွန်တော်တို့က သက်ဆိုင်ရာလဝကနဲ့ညှိနှိုင်းပြီး ဒီနှစ်လအတွင်းမှာ စီမံချက်တစ်ခုခုဆွဲပြီးတော့ လုပ်ပေးသွားမယ်။ မြို့နယ်အလိုက်စာရင်းတွေလည်းရှိပြီးပါပြီ” လို့ ဝန်ကြီးကပြောပါတယ်။

မှတ်ပုံတင်မရှိကြသူတွေဟာ အခြေခံလူတန်းစား လက်လုပ်လက်စားတွေ အများဆုံးဖြစ်ပြီး သူတို့အတွက် မှတ်ပုံတင်လုပ်ပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်းဆိုပါတယ်။

“အခက်အခဲတွေရှိတယ်။ သူတို့တွေက ကျွန်တော်တို့ သွား လုပ်ပေးတဲ့အခါမှာ အိမ်မှာမရှိတာတို့၊ အဝေးကိုသွားနေတာမျိုးတို့ပေါ့။ ဒီအတွက် ကျွန်တော်တို့ က နှစ်ကြိမ်သုံးကြိမ်လောက်သွားနေရပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်မဆုံးရှုံးရအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်။” လို့ ဝန်ကြီးက ကိုပြောပါတယ်။

 နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း မဲပေးပိုင်ခွင့်ရှိသူ ၄၅ သိန်းကျော်ရှိပေမဲ့ နိုင်ငံသားကတ်ရှိထားသူ အရေအတွက်က ၄၁ သိန်းကျော်သာ ရှိနေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ ၊လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနစာရင်းအရသိရပါတယ်။

Share

Loading Next Article...
က္က