“အနာဂါတ်တွေ ပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့”အစီအစဉ်ကို ကျင်းပဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။ ကံထူးဆုရရှိသူတွေအနေနဲ့ ၎င်းတို့ရဲ့ အိမ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့ အများဆုံး ငွေကျပ် သိန်း (၅၀၀) စီ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။အဆိုပါ အစီအစဉ်မှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့ MPT သုံးစွဲသူတွေ အနေနဲ့ https://www.facebook.com/mptGoldendream Facebook Page ကတစ်ဆင့် “ရွှေအိပ်မက်” အစီအစဉ်ကို ဝင်ရောက်ပြီး Facebook Messenger ပေါ်မှာ ၎င်းတို့ရဲ့ အိပ်မက်များကို တင်သွင်းရမှာဖြစ်ပါတယ်။
Saint Sandy Htet

မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT က ပထမဆုံးအကြိမ်အဖြစ် တစ်မူထူးခြားဆန်းသစ်တဲ့ “ရွှေအိပ်မက်” အစီအစဉ်ကို သုံးစွဲသူတွေရဲ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာစေရန် အကောင်အထည် ဖော်နိုင်မယ့် အခွင့်အလမ်းတစ်ခုအဖြစ် စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

MPT နဲ့ KSGM တို့ Joint Operations အဖြစ် ပူးပေါင်းဆောင်ရွက်တာက မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမူအသိုင်းအဝိုင်းတွေအတွက် အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လာတာ မကြာသေးမီက (၇)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီးတော့ အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ်စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ (၇) နှစ်မြောက်ကို ရောက်ရှိတဲ့ အောင်မြင်မှု အထိမ်းအမှတ်အနေနဲ့ MPT က ကံထူးရှင်အဖြစ် ရွေးချယ်ခြင်းခံရမယ့် သုံးစွဲသူ (၇) ဦး ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ဖို့ “အနာဂါတ်တွေ ပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့”အစီအစဉ်ကို ကျင်းပဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။ ကံထူးဆုရရှိသူတွေအနေနဲ့ ၎င်းတို့ရဲ့ အိမ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့ အများဆုံး ငွေကျပ် သိန်း (၅၀၀) စီ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်မှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့ MPT သုံးစွဲသူတွေ အနေနဲ့ https://www.facebook.com/mptGoldendream Facebook Page ကတစ်ဆင့် “ရွှေအိပ်မက်” အစီအစဉ်ကို ဝင်ရောက်ပြီး Facebook Messenger ပေါ်မှာ ၎င်းတို့ရဲ့ အိပ်မက်များကို တင်သွင်းရမှာဖြစ်ပါတယ်။

“ရွှေအိပ်မက် အစီအစဉ်နဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ အိပ်မက်တွေကို ဖော်ထုတ်ပြသနိုင်ဖို့အတွက် အားပေးအားမြှောက်ပြုချင်ပါတယ်။ MPT မှာလည်း ကျွန်တော်တို့ရဲ့ မျှော်မှန်းချက် အိပ်မက်တွေက ကန့်သတ်ထားတဲ့ဘောင်တွေကနေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ခိုင်မာတဲ့ လူမှုအဖွဲ့အစည်းတွေအဖြစ် ဖော်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့က ဒီအစီအစဥ်ကနေတစ်ဆင့် ကူညီ ထောက်ပံ့လိုက်တာဖြစ်ပါတယ်” လို့ MPT-KSGM JOရဲ့ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့ပါတယ်။

MPT က သုံးစွဲတွေအားလုံးကို ၎င်းတို့ရဲ့ စိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဇွဲလုံ့လရှိမှုကို ပြသဖို့နဲ့ ၎င်းတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို အောက်မှာ ဖော်ပြပေးထားတဲ့ အမျိုးအစားတွေနဲ့ ပါဝင်နိုင်ဖို့ တိုက်တွန်း လိုက်ပါတယ်။

၁။ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)

၂။ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း

၃။ မိသားစု

အစီအစဉ်တွင် ပါဝင်ခွင့်ရရှိသူများအားလုံးကို MPT က ကံစမ်းမဲနိုက်ကာရွေးချယ်ပေးသွားမည်ဖြစ်ပြီး ကံထူးရှင် (၇) ဦးအား ရွေးချယ်ကာ ဆုချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ MPT သုံးစွဲသူတွေအနေနဲ့ မှန်ကန်တိကျတဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ MPT ဆင်းမ်ကတ်ကို မှတ်ပုံတင်ထားပြီး ပါဝင်လျှောက်ထားဖို့ လိုအပ်ပါတယ်။ ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းတွေကို https://www.facebook.com/mptGoldendream မှာ ကြည့်ရှုနိုင်ပါတယ်။ 

MPT သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့အိပ်မက်တွေကို အောက်တိုဘာ (၇) ရက်နေ့အထိ တင်သွင်းနိုင်မှာဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ၃ ပတ်ကြာ ဆောင်ရွက်သွားမှာဖြစ်ပြီး အိပ်မက်တွေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ “ရွှေအိပ်မက်”အစီအစဉ်ကို အခမဲ့ပါဝင်နိုင်ပြီး အခကြေးငွေပေးဆောင်ဖို့ မလိုပါဘူး။ ကံထူးဆုရရှိသူတွေကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်း ကြေညာပေးသွား မှာ ဖြစ်ပါတယ်။

လူသားတို့ရဲ့ သမိုင်းကြောင်း တစ်လျှောက်ကိုဆန်းစစ်ရပါက ကမ္ဘာ့အကြီးကျယ်ဆုံးသော တီထွင်မှုတွေမှာ စိန်ခေါ်မှုများရှိနေတဲ့ ကာလတွေမှာ ဖန်တီးခဲ့ကြတာ ဖြစ်ပြီး ယခုလို MPT ရဲ့ ထူးခြားတဲ့ အစီအစဉ်မှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်တွန်းလှန် နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်များရရှိလာစေပြီး တစ်နည်းအားဖြင့် မိမိတို့နေအိမ်မှာ နေထိုင်စဉ် တီထွင်ကြံဆမှုနဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အားပေးနေခြင်းလည်းဖြစ်ပါတယ်။

“ရွှေအိပ်မက်” အစီအစဉ်အကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆိုနိုင်သလို MPT ရဲ့ ဝက်ဘ်ဆိုက် www.mpt.com.mm သို့မဟုတ် MPT ရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာ www.facebook.com/mptofficialpage မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း

MPT ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါတယ်။ ကြိုးဖုန်းနဲ့ မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှု တွေကို ပြည်သူတွေနဲ့ စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားတယ့် အကြီး မားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြု ထားတဲ့ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင် ထားပါတယ်။

၂၀၁၄ ဇူလိုင်လမှာ MPT က KDDI Summit Global Myanmar (KSGM) နဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ KSGM ဟာ ဂျပန်နိုင်ငံက ပူးပေါင်းဆောင်ရွက်သူတွေ ဖြစ်ကြတဲ့ KDDI Corporation (KDDI) နဲ့ Sumitomo Corporation (Sumitomo) တို့ကပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် MPT အနေနဲ့ KDDI နဲ့ Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ အဆိုပါဆောင်ရွက်ချက်က မြန်မာနိုင်ငံသမိုင်းမှာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

MPT အနေနဲ့ ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နဲ့ အတူ KSGM နဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကို အစဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေပြီး တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ MPT အနေနဲ့ လက်ရှိမှာ သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။


အခြားအချက်အလက်တွေနဲ့ ပိုမိုတိကျတဲ့ စည်းမျဉ်းစည်းကမ်တွေအတွက် www.mpt.com.mm ဒါမှမဟုတ် www.facebook.com/mptofficialpage တွေမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ နဲ့ ပတ်သက်ပြီး MPT ရဲ့ လှုပ်ရှားမှုတွေကို ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth ကို သွားရောက်ပြီး သတင်းအချက်အလက်တွေ စုံလင်စွာပါရှိတဲ့ ကော်ပိုရိတ် ဗီဒီယိုကို အခမဲ့ကြည့်ရှုနိုင်ပါတယ်။


MPT, ရှေ့သို့လှမ်းချီ မြန်မာပြည်




Author


က္က