ပူတာအိုအကျဉ်းထောင်မှာ ချုပ်နှောင်ထားတာပါ။

ရေခဲတောင်မှာ မစိမ့်ထက် ပြုတ်ကျသေဆုံးမှုမှာ The Summiter တောင်တက်အဖွဲ့မှ ခေါင်းဆောင် (၂) ဦးကို ပူတာအို အကျဉ်းထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ပူတာအိုမြို့မရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

Photo - Saint Htet



“ မေလ ၅ ရက်နေ့က ပူတာအို အကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။ တောင်တက်အဖွဲ့မှာ ပါဝင်တဲ့ သူတွေအားလုံးကို စစ်ဆေးမေးမြန်းနေပါပြီ။ စစ်ဆေးပေါ်ပေါက်ခဲ့ရင် အမှုကို တရားစွဲတင်မှာပါ။ အခုချိန်မှာတော့ ရဲလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေပါတယ်” လို့ ပူတာအိုမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ခင်ဇော်ဝင်းက Duwun ကိုပြောပါတယ်။

မစိမ့်ထက် ပြုတ်ကျသေဆုံးမှုမှာ တောင်တက်အဖွဲ့မှ ခေါင်းဆောင်နှစ်ဦးဖြစ်သူ ဇော်ဇင်ခိုင်နဲ့ အောင်ခင်မြင်တို့ နှစ်ဦးကို ဖခင် ဦးမောင်မောင်လေးက တရားလိုပြုလုပ်ပြီး မေလ ၂၉ ရက်က ပူတာအိုမြို့မရဲစခန်းကို အမှုဖွင့်တိုင်ကြားထားတာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က မစိမ့်ထက်ဟာ The Summiter တောင်တက်အဖွဲ့နဲ့ အတူ ပူတာအိုမြို့နယ် ၊ ဖန်ကရန် ရေခဲတောင်တက်ခရီး အပြန်လမ်းမှာ ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် မစိမ့်ထက်ရဲ့ အလောင်းကို နှစ်ကြိမ်ရှာဖွေမှုတွေပြုလုပ်ခဲ့ရာမှာ ပထမအကြိမ်မှာ တော့ အလောင်းကို မတွေ့ရဘဲ မစိမ့်ထက် ဝတ်ဆင်ခဲ့တဲ့ ဂျာကင်၊ မျက်မှန်နဲ့ အသုံးအဆောင်ပစ္စည်းအချို့ကိုသာ ရှာဖွေတွေ့ရှိခဲ့ရတပါ။

ဒုတိယအကြိမ်မှာ   လမ်းပြ ဒေသခံကိုလန်ဝမ်အထိန်ဦးဆောင်တဲ့အဖွဲ့က  ပြန်လည်ရှာဖွေခဲ့ရာ မေလ ၂၄ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် ပူတာအိုမြို့ မှာ မီးသဂြိုလ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က