သတင်းထောက်မိန်းကလေးကို ပါးကိုရိုက်တယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ယောက်ကို ငှက်ပျောသတင်းရေးသားတဲ့အတွက် တရုတ်ငှက်ပျောကုမ္ပဏီက ဖမ်းဆီးချုပ်နှောင်ပြီး နှိပ်စက်ခဲ့မှု ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။

Photo - မြစ်ကြီးနားသတင်းဂျာနယ်



ဖြစ်စဉ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပန်ဒေါင်အုပ်ချုပ်ရေးမှူးက သတင်းယူဖို့ခေါ်ယူခဲ့ပြီးတော့ တစ်ရှုးငှက်ပျောစိုက်ဖို့အတွက်လာတဲ့ ကုမ္ပဏီတွေကို ဒေသခံတွေကစိုးရိမ်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သတ်လို့ ရေးသားခဲ့တာဖြစ်ပြီး ပန်ဒေါင်အုပ်ချုပ်ရေးမှူးရဲ့ အသံ၊ အစုအဖွဲ့တွေရဲ့ အသံနဲ့ အဆိုပါကုမ္ပဏီက လမ်းတွေဖောက်နေတာကြောင့် ဒေသခံတွေက စိုးရိမ်နေတဲ့ အခြေအနေကို ထည့်သွင်းရေးသားခဲ့တာဖြစ်တယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ တာဝန်ခံဖြစ်သူ ကိုဇော်ခွန်းက Duwun ရဲ့ မေးမြန်းချက်ကို ပြောပါတယ်။

အဆိုပါသတင်းရေးသားပြီးနောက်မှာ ကုမ္ပဏီဘက်က မကျေနပ်တာကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ဂျာနယ်ရဲ့ ရုံးခန်းကို ရောက်လာခဲ့ပြီး ရှင်းလင်းစရာရှိတယ်လို့ပြောကာ ရေးသားသူသတင်းထောက်နှစ်ဦးကို ခေါ်ဆောင်သွားခဲ့တာပါ။

Photo - မြစ်ကြီးနားသတင်းဂျာနယ်

လာခေါ်စဉ်မှာ ရုံးခန်းအတွင်းမှာပဲရှင်းဖို့ ပြောကြားခဲ့ပေမယ့် ကောင်းမွန်စွာပြောမယ်လို့ အာမခံပြီး အဆိုပါကုမ္ပဏီရုံးခန်းကို ခေါ်ဆောင်သွားခဲ့ရာက တစ်နာရီလောက်အကြာမှာ သတင်းထောက်ဖြစ်သူက ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တာကြောင့် ဝိုင်းမော်ရဲစခန်းကို အကြောင်းကြားပြီး နေ့လယ်၁၁ နာရီခွဲအချိန်မှာ ခေါ်ထုတ်လာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ယောကျာ်းလေးသတင်းထောက်ကိုတော့ ထိုင်ထ အခါတစ်သိန်း လုပ်ခိုင်းထားတယ်ပြောတယ်။ မိန်းကလေးကိုတော့ ဝိုင်းဖမ်းချုပ်ပြီး ဆွဲလားရမ်းလားလုပ်ထားတယ်။ ဂျာနယ်နဲ့ ပါးကိုရိုက်တယ်။ ကလေးတွေက တော်တော်ရှက်ကြောက်နေကြတယ်။ ” လို့ ကိုဇော်ခွန်းက ပြောပါတယ်။

ခေခါ်သွားပြီး တစ်နာရီအကြာမှာ အဆိုပါကုမ္ပဏီရဲ့ ရုံးခန်းမှာ ဒီလိုနှိပ်စက်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းနဲ့ မေးမြန်းစစ်ဆေးမှုပြုလုပ်နေစဉ်မှာ ဒီလိုသတင်းတွေဆက်ရေးမယ်ဆိုရင် ဘယ်လိုပုံစံဖြစ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

သတင်းထောက်နှစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် မမိုးမိုးပန်နဲ့ အသက် ၂၀ အရွယ် မောင်အားတင်တို့ဖြစ်ပြီး ကချင်ပြည်နယ်က လယ်ယာကိစ္စ၊ မြေယာသတင်းတွေနဲ့ စိုက်ပျိုးမြေကိစ္စတွေကို ရေးသားနေသူတွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က