ဂျာနယ်နဲ့ပါးရိုက်တာ၊ထိုင်ထအခါတစ်သိန်းလုပ်ခိုင်းတာတွေပြုလုပ်ပြီး နှိပ်စက်ခဲ့တာကြောင့် ဒီလို အမှုဖွင့်တာဖြစ်တယ်လို့ ဆိုပါတယ်
မြစ်ကြီးနားသတင်းဂျာနယ်က ဖမ်းဆီးနှိပ်စက်ခံရတဲ့ သတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ တရုတ်ကုမ္ပဏီက လူတွေကို ပုဒ်မငါးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဖမ်းဆီးခံ သတင်းထောက်တစ်ဦးဖြစ်သူ ကိုအားဂျယ်က Duwun ကိုပြောပါတယ်။

(ဓာတ်ပုံ- မြစ်ကြီးနားသတင်းဂျာနယ်)

“ရဲစခန်းကတော့ တရားစွဲထားတယ်။ ရဲစခန်းကခေါ်တဲ့အချိန်မှာ ကုမ္ပဏီက ကျူးလွန်တဲ့သူဌေးက မလာဘူး။ မန်နေဂျာပဲလွှတ်လိုက်တယ်။ နောက်တစ်ခေါက် ရုံးချိန်းမှ ာမလာရင် အရေးယူမယ်ဆိုတာပဲပြောတယ်။ ” လို့ ဖမ်းဆီးနှှိပ်စက်ခံရတဲ့ အားဂျယ်က ပြောပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၅၄၊ ၃၉၄၊ ၃၄၁၊ ၃၂၃၊ ၁၁၄ တို့နဲ့ သူဌေးဖြစ်သူအပါအဝင် ခြောက်ဦးကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။



မိန်းကလေးရဲ့ ကာယအိနြေ္ဒပျက်စီးရန်အကြံနဲ့ လက်ရောက်ကျူးလွန်မှု၊ မိမိအလိုအလျောက်နာကျင်စေမှု၊ မတရားတားဆီး ကန့်ကွက်မှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မန်ဒေါင်ကျေးရွာအုပ်စုမှာ တစ်သျှူးငှက်ပျောစိုက်တဲ့ကုမ္ပဏီ (၂)ခုက ဝင်ရောက်လုပ်ကိုင်နေဆိုတဲ့ သတင်းနဲ့ပတ်သတ်ပြီး သတင်းဂျာနယ်မှာပါတဲ့ သခင်စစ်ကုမ္ပဏီကနေ ကုမ္ပဏီရုံးခန်းမှာ ဖြေရှင်းမယ်ပြောပြီး သတင်းထောက်နှစ်ဦးကို ခေါ်ယူနှိပ်စက်ခဲ့တာဖြစ်ပါတယ်။

သတင်းထောက်နှစ်ဦးကို ဂျာနယ်နဲ့ပါးရိုက်တာ၊ ထိုင်ထ အခါတစ်သိန်းလုပ်ခိုင်းတာတွေပြုလုပ်ပြီး နှိပ်စက်ခဲ့တာကြောင့် ဒီလို အမှုဖွင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းထောက်နှစ်ဦးကတော့ အသက် ၂၆ နှစ်အရွယ် မမိုးမိုးပန်နဲ့ အသက် ၂၀ အရွယ်မောင်အားဂျယ်တို့ဖြစ်ပြီး ကချင်ပြည်နယ်မှ လယ်ယာမြေနဲ့ စိုက်ပျိုးမြေကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းရေးသားနေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က