ခိုးယူသူကို ဖမ်းမိခဲ့ပါတယ်။

ဗဟန်းမြို့နယ် ကြားတောရရပ်ကွက်၊ ဘင်္ဂလားတိုက်၊ မစိုးရိမ်ကျောင်းမှာ သီတင်းသုံးတဲ့ ဘုန်းကြီးတစ်ပါးဆီကနေ အမေရိကန်ဒေါ်လာတစ်သောင်း ခိုးယူသူကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo- Yangon Police

ဇန်နဝါရီ ၃၀ ရက်က မစိုးရိမ်ကျောင်းတိုက်အတွင်း သီတင်းသုံးနေတဲ့ ဘုန်းကြီးရဲ့ အိပ်ခန်းတံခါးကို ဖွင့်ပြီး ကုတင်ခေါင်းရင်းမှာထားရှိတဲ့ ဘေးလွယ်အိတ်အတွင်းက စာအိတ်အဖြူနဲ့ ထည့်ထားတဲ့ ဒေါ်လာ ၁၀၀ တန် စုစုပေါင်း ဒေါ်လာ တစ်သောင်း ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ စစ်ဆေးချက်အရသိရပါတယ်။



ခိုးမှုကျူးလွန်သူမှာ အလုံမြို့နယ်မှာ နေထိုင်သူ လှမျိုးနိုင် (ခ) ရန်ကျော်လင်း (ခ) မင်းခန့်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်က ပန်းဘဲတန်းမြို့နယ်၊ Junction Ciyt မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးယူခဲ့တဲ့ ဒေါ်လာတွေကို ရောင်းချပြီး ဝယ်ယူခဲ့တဲ့ ရွှေထည်ပစ္စည်းတွေ၊ လက်တော့ပ်၊ ဖုန်း၊ အင်္ကျ ီအဝတ်အစားတွေနဲ့ ကျန်ရှိငွေ ၄၈ သိန်းကို သက်သေခံသိမ်းဆည်းခဲ့ပြီး ကျူးလွန်သူကို ဥပဒေအရ အရေးယူထားတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က