အကျဉ်းသားတွေလွှတ်ပေးရာမှ မျှတမှုမရှိဘူးလို့ သမ္မတဆီစာပို့အပြီးမှာထပ်လွှတ်ပေးလိုက်တာပါ။
Hmue Eain Zaw

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ အကျဉ်းသားတွေလွှတ်ပေးခဲ့ရာမှာ မျှတမှုမရှိဘူးဆိုပြီး အကျဉ်းသားတွေက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကနေတဆင့် သမ္မတဆီကို တိုင်ကြားခဲ့အပြီးမှာ လွှတ်သင့်လွှတ်ထိုက်တဲ့ အကျဉ်းသားတွေကိုစိစစ်ပြီး ပြန်လွှတ်ပေးမယ်လို့ ကြောညာချက်ထုတ်ပြန်ပါတယ်။


ဧပြီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲ့ဒီကြေညာချက်မှာ မြန်မာ့နှစ်သစ်ကူးအနေနဲ့ အကျဉ်းသား ၆၉၄၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရစည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လွတ်သင့်လွတ်ထိုက်သူတွေကိုလည်း ဆက်လက်ပြီး လွှတ်ပေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မုပ္ပလင်မှာရှိတဲ့ အကျဉ်းစခန်းမှာ ရှိတဲ့ အကျဉ်းသားတွေဟာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူတွေက လွတ်ငြိမ်းစာရင်းထဲမှာ ပါခဲ့ပြီး လက်ဝယ်မတွေ့ရှိသူတွေက လွတ်ငြိမ်းစာရင်းထဲမှာ မပါဝင်လို့ဆိုပြီး လုပ်ငန်းမဝင်ပဲ ဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကသွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင်ရွှေဘိုအကျဉ်းထောင်မှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း အကျဉ်းသားတွေလွတ်ငြိမ်းခွင့်ပေးရာမှာ မမျှတဘူးဆိုပြီး ထောင်ဆူပူမှုဖြစ်ပွားခဲ့တာကြောင့် သေနတ်နဲ့ အချက် ၂၀ လောက် ပစ်ဖောက်ထိန်းသိမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။

၁၃၈၁ ခုနှစ်၊ တန်းခူးလဆန်း ၁၃ ရက် (၂၀၁၉ ဧပြီ ၁၇ ရက်နေ့)ကနိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ဖြင့် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသား စုစုပေါင်း ၉ ၅၅၁ ဦးကိုလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီးအဲ့ဒီအထဲမှာနိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးလည်းပါဝင်ပါတယ်။


က္က