လက်နက် မျိုးစုံ (၁၆)လက်၊ ကျည်(၂၅၇)တောင့်၊လက်ပစ်ဗုံး (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ မူးယစ်အထူးတိုင်ကြားရေးဌာနကနေ အမှုပေါင်း ၅၂၆ မှုအထိအမှုဖွင့် အရေးယူနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ မူးယစ်ဆေးဝါးအရေးယူမှုနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံကနေ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများ

အဆိုပါအမှုပေါင်း ၅၂၆ မှုမှာ ကျား(၆၉၉)ဦး၊ မ(၁၃၄)ဦးဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့ ဘိန်းဖြူ (၅၇၄၀.၄၃)ဂရမ်၊ ICE (67.14)ဂရမ်၊ဘိန်း (၃၈၆၅၆.၉၄)ဂရမ်၊ အဆင့်နိမ့်ဘိန်း (၃၂၉.၆)ဂရမ်၊ ဘိန်းစာမှုန့် (၁၈၇၉၅.၂၈ )ဂရမ်၊ ဘိန်းစာရွက် (၇၂၇၃.၉၉ )ဂရမ်၊ စိတ်ကြွဆေးပြား (၂၁၆၆၀၄)ပြား၊ဆေးခြောက် (၆၀၂၈.၂၇ )ဂရမ်၊ဘိန်းရည် (ဝ.၁)လီတာ၊ ဘိန်းဆီခဲ (၃၇၈.၀၆) ဂရမ်၊ ဘိန်းစေ့ (၆၀) ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် (၃.၄၅)ဂရမ်၊ Ecstasy အကြေ အပါအဝင် လက်နက် မျိုးစုံ (၁၆)လက်၊ ကျည်(၂၅၇)တောင့်၊လက်ပစ်ဗုံး (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတိုင်ကြားရေးဌာနကို တိုင်ကြားတဲ့သတင်းတွေအပြင် တပ်မတော်နဲ့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တိုု့က သီးခြားရရှိတဲ့ သတင်းတွေအရ စိစစ်ဖော်ထုတ်တာ၊နယ်စပ်ပူးပေါင်းစစ်ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေတာ၊ နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်တယ်လိို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေပိုဖမ်းဆီးရမိနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းအစိုးရအဖွဲ့ကို တိုင်ကြားနိုင်ပြီးတော့ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀၂၀၀၊ ၀၆၇-၅၉၀၂၃၃ ကိုဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာလည်း မူးယစ်ဆေးဝါးအမှုတွေနဲ့ ပါတ်သတ်ပြီး မျက်နှာလွှဲထားတဲ့ကိစ္စတွေနဲ့ မဖမ်းဘဲထားတာတွေကို တွေ့ရင် အရေးယူမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။



က္က