ပြီးခဲ့တဲ့ရက်တွေအတွင်း ရန်ကုန်မြို့မှာ မြူတွေကျဆင်းလို့ လေယာဉ်အတက်အဆင်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။
လာမယ့် မတ်လ ပထမ ၁၀ ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မြူထူတွေဆိုင်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(ရန်ကုန်မြို့တွင် မြူကျဆင်းနေသည်ကို တွေ့ရစဉ်)

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ၆ ရက်ကနေ ၈ ရက်အထိ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ ၃ ရက်ကနေ ၅ ရက်အတွင်း မနက်ပိုင်းတွေမှာ မြူထူတွေ ဆိုင်းနိုင်တယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကလည်း ရန်ကုန်မြို့မှာ မြူထူထပ်စွာကျဆင်းမှုတွေကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်အတက်အဆင်းတွေ ခေတ္တ ရပ်ဆိုင်းထားရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ လေဆိပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ မိုးပိုရွာနိုင်ပြီး စစ်ကိုင်းတိုင်းေအောက်ပိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ပုံမှန်အတိုင်းရွာသွန်းနိုင်တယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ အနည်းငယ်သာ ရွာနိုင်တယ်လို့ သိရပါတယ်။

မိုးရွာသွန်းမှုမှာ စစ်ကိုင်းတိုင်းအထက်၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ၃ ရက်ကနေ ၄ ရက်အတွင်း၊ စစ်ကိုင်းတိုင်းအောက်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနသာၤရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်၊ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၁ ရက်ကနေ ၂ ရက်အတွင်း မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနဲ့ ကယားပြည်နယ်တို့မှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်တယ်လို့ မိုးဇလကနေ သတင်းထုတ်ပြန်ထားပါတယ်။



က္က