ဧပြီလအတွက် မီတာကိုမူ ယူနစ် ၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုထားပါတယ်။
Kyaw Ko Ko Sint

မတ်လအတွက် ပေးဆောင်ရမယ့် မီတာခတွေကို မေလ ၂၀အထိ နောက်ဆုံးပေးထားတာဖြစ်ပြီး ယူနစ် ၁၅၀ အခမဲ့သုံးခွင့်ပြုထားတဲ့ ဧပြီလအတွက် မီတာခကိုမူ ပုံမှန်အတိုင်း မေလမှာပဲ ပေးဆောာင်ရမှာလည်း ဖြစ်ပါတယ်။

မတ်လအတွက် ပေးဆောင်ရမယ့် မီတာခတွေကို ပုံမှန်ဆိုရင်ဧပြီလ ၂၀၊၂၂၊၂၄၊၂၆နဲ့၂၈တွေမှာ သတ်မှတ်ထားပေ မယ့် လတ်တလောဖြစ်ပွားနေတဲ့ COVID-19ရောဂါအခြေအနေကြောင့် ပေးဆောင်ရမယ့်နောက်ဆုံးရက်ကို မေလ ၂၀ရက်နေ့အထိ နောက်ဆုတ်ပေးလိုက်ပြီလို့ YESC-Call Center က ဒီကနေ့ ဧပြီလ ၂၀ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။

မတ်လအတွက်ပေးဆောင်ရမယ့်မီတာခတွေကို မေလ ၂၀ရက်နေ့မတိုင်မီအထိ ကြိုက်တဲ့ရက်မှာ လာရောက် ပေးသွင်းနိုင်မှာ ဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ အများပြည်သူ အခက်အခဲ မဖြစ်စေလိုတာကြောင့် လို့လည်း သိရပါ တယ်။

အစောပိုင်းတုန်းကလည်း ဧပြီလအတွက် ပေးဆောင်ရမယ့် အိမ်သုံးမီတာခတွေကို ယူနစ် ၁၅၀အထိ အခမဲ့သုံးစွဲ ခွင့်ပေးထားတာရှိပါတယ်။

ဓာတ်ပုံ - YESCCallCenter

“အခုနောက်ဆုတ်ပေးတာက မတ်လအတွက် ပေးဆောင်ရမယ့် မီတာခဖိုးအတွက်ပါပဲ။မေလ ၂၀ရက်အတွင်း ကြိုက်တဲ့အချိန်လာပေးနိုင်ပါတယ်။အရင်သတ်မှတ်ထားတဲ့ ဧပြီလအတွင်းသတ်မှတ်ရက်ကိုကျော်ပြီး မေလမှ လာပေးရင်လည်း ရက်လွန်ကြေးမယူသလို မီတာလည်း မဖြတ်ပါဘူး။ဒါပေမယ့် ဧပြီလအတွက် ပေးဆောင်ရ မယ့် မီတာခကိုတော့ မေလ ၂၀၊၂၂၊၂၄၊၂၆နဲ့၂၈ သက်ဆိုင်ရာမြိုန့ယ်အလိုက်သတ်မှတ်ရက်တွေအတိုင်း ပေးရပါ လိမ့်မယ်”လို့ YESC CallCenter က တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောပြပါတယ်။

မတ်လနဲ့ ဧပြီလအတွက် မီတာခကျသင့်ငွေကို နှစ်ခုပေါင်းပြီး မေလ ၂၀မှာ နောက်ဆုံးထားပေးသွင်းလို့ရပေမယ့် မေလ ၂၀ထက် ကျော်လွန်ပြီး လာရောက်ပေးသွင်းတဲ့ မတ်လအတွက် မီတာခပြေစာတွေကိုတော့ ရက်လွန်ကြေး ကောက်ခံသွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က