ပထမဆုံး ဆိုလာစီမံကိန်းဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်းက မင်းဘူးနေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကသိရပါတယ်။



Photo - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ FB

မကွေးတိုင်းဒေသကြီးမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နေရောင်ခြည်စွမ်အင်သုံး ဓါတ်အားပေးစက်ရုံရဲ့ ပထမအဆင့်စီမံကိန်း ပြီးစီခဲ့တာဖြစ်ပါတယ်။

မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဟာ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မင်းဘူးမြို့ရဲ့ အနောက်တောင်ဘက် ၁၆.၃ မိုင်ခန့်အကွာ မင်းဘူး- အမ်း ကားလမ်းဘေးမှာတည်ရှိပြီး Green Earth Power (Myanmar) Co.,Ltd. မှ B.O.T စနစ်ဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စတင်အကောင်အထည်ဖော် တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။

Photo - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ FB

စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်နဲ့ စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက် သွားမှာဖြစ်ပြီး ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ အသီးသီး တည်ဆောက် သွားမယ်လို့ သိရပါတယ်။ စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး ယခု နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံး စီမံကိန်းဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တရားဝင် Website မှာ ဖော်ပြထားပါတယ်။

မကြာမီ ကာလအတွင်း ၂၀ မဂ္ဂါဝပ် စတင်ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။

Photo - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ FB

Share

Loading Next Article...
က္က