(၄၁)ဦးဒဏ်ရာရရှိခဲ့ပါတယ်။
Ei Ei Htun

ဘုရားဖူးကားဟာ ကနားလိုကျေးရွာက ရာဘာခြံမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေလိုက်ပါလာတာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် (၄၁)ဦးဒဏ်ရာရရှိကာ ဦးခေါင်းထိခိုက်မိတဲ့လူနာ(၅)ဦးကတော့ စိုးရိမ်ရတယ်လို့သိရပါတယ်။ 

photo- မုဒုံလူနာတင်ယာဉ်ကွန်ရက်

မွန်ပြည်နယ်၊မုဒုံမြို့ကို ဘုရားဖူးလာတဲ့ Canter ယာဉ်ကားအမျိုးအစားဟာ ယာဉ်မောင်းအိပ်ငိုက်ပြီး ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့ မနက်(၄း၃၀)လောက်က ကားလမ်းဘေးကိုထိုးကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။မုဒုံမြို့နယ် ကျွန်းရွာအနီးမှာတိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါဘုရားဖူးပြည်သူအားလုံး အယောက်(၄၀)ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

“ ဖြစ်တာက ဒီကနေ့ မနက်အစောကြီး။ ယာဉ်မောင်းကအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျသွားတာ။ ကားပေါ်ပါလာတဲ့သူ (၄၁)ဦးလုံး ကျိုးပဲ့တာတွေကော၊ ထိရှဒဏ်ရာတွေကိုရရှိခဲ့တယ်။ သူတို့က ရာဘာခြံက အလုပ်သမားအဖွဲ့။ မုဒုံကိုဘုရားဖူးလာရင်းအခုလိုဖြစ်တာ။ ဒဏ်ရာရတဲ့(၄၁)ဦးထဲမှာလည်း ဦးခေါင်းထိခိုက်မိပြီး စိုးရိမ်ရတဲ့ လူနာ(၅)ဦးလောက်ပါတယ်။ သူတို့အခြေအနေကိုတော့ စောင့်ကြည့်နေရတယ်” လို့ မုဒုံမြို့လူနာတင်ယာဉ်ကွန်ရက်မှ တာဝန်ခံ ကိုမိုးမြင့်ရှိန်က Duwun ကိုပြောပါတယ်။

photo- မုဒုံလူနာတင်ယာဉ်ကွန်ရက်

ယာဉ်တိမ်းမှောက်မှုဖြစ်ဖြစ်ချင်းမှာတော့ ဒဏ်ရာရရှိတဲ့ လူနာ(၄၁)လုံးကို မုဒုံဆေးရုံမှာ အရေးပေါ်ကုသမှုပေးပြီး မစိုးရိမ်ရတဲ့ ပြင်ပလူနာ(၅)ဦးကလွဲလို့ ကျန်တဲ့လူနာတွေကို မော်လမြိုင်ဆေးရုံကြီးကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကိုမိုးမြင့်ရှိန်ကပြောပါတယ်။

ဘုရားဖူးကားဟာ ကနားလိုကျေးရွာက ရာဘာခြံမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေလိုက်ပါလာတာလည်းဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်နဲ့ ပတ်သက်လို့ ယာဉ်မောင်းကိုတော့ မုဒုံရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။


က္က